DVB Logo
Home
မြန်မာသတင်း
ဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ် ဗုန်းသီးချတိုက်ခိုက်ခံရ၊ ကလေးမြို့တွင် စစ်သား ၂ ဦးပစ်ခတ်ခံရ
DVB
·
March 25, 2023
ဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ် ဗုန်းသီးချတိုက်ခိုက်ခံရ၊ ကလေးမြို့တွင် စစ်သား ၂ ဦးပစ်ခတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်က ဝမ်းပေါင်ကုမ္ပဏီကို မတ် ၂၅ ရက်‌ မနက် ၈ နာရီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်အတွင်းမှာ မတ် ၂၄ ရက် နေ့လယ်က စစ်ကောင်စီတပ်တခု တပ်စွဲ နေထိုင်နေတာလို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

Salingyi Special Teet Force အဖွဲခေါင်းဆောင် ကိုဖိုးဇေက “ဒေသခံအဖွဲ့တွေက တရုတ်ပိုင် ကုမ္ပဏီကို အခုလိုမျိုး တိုက်ခိုက်တာတွေ မလုပ်ချင်ဘူး။ သူတို့က စစ်ကောင်စီတပ်တွေကို ခေါ်ပြီး အနီးအနားက ရွာတွေကို စစ်ကြောင်းထိုး ရှင်းလင်းတာတွေ လုပ်ခိုင်းတယ်။ စစ်ကြောင်းသွားရာ နေရာကိုလည်း ကုမ္ပဏီကားတွေနဲ့ လိုက်ပို့တယ်။ စစ်ရေးမှာ အခုလိုတိုက်ရိုက်ပတ်သက်လာပြီး ဒေသခံ အကျိုးစီးပွားကို တိုက်ရိုက် ထိပါးလာရင် ဘယ်သူ တားတား  တိုက်ခိုက်ရမှာပဲ။ ဒီနေ့ စစ်ကောင်စီနားနေတဲ့ နေရာနဲ့ လုပ်ကွက်အဝင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး၂လုံးချသတိပေးတိုက်ခိုက်ခဲ့တယ်။ အကျဆုံးအထိအခိုက်ကတော့ မသိရသေးဘူး” လို့  ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အခုလို ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်အတွင်းကနေ နေရာယူပြီး အနီးအနားက ကျေးရွာတွေကို ပြီးခဲ့တဲ့လပိုင်းတွေက မီးရှို့ခဲ့သလို ရွာသားတွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ‌ဆားလင်းကြီးဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့၊ စမ်းမြို့ရပ်ကွက် အ-ထ-က(၈)စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက် ဈေးဝယ်လာစဉ် ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ လို့ စစ်သားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၃ ရက် မနက်ခင်းအချိန်က အထက ၈ စာသင်ကျောင်းနားမှာ ဈေးဝယ်ထွက်လာတဲ့ စစ်သား ၂ ယောက်ကို အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ မြို့ပြပျောက်ကြားအဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့က နေ့တိုင်း ဈေးဝယ်ထွက်နေကြ။ သူတို့ကို ပစ်ဖို့ အချိန်သေချာယူပြီး လုပ်ခဲ့ရတာ။ တယောက်ကတော့ ပွဲချင်းပြီးသေတာ မြင်ခဲ့ရတယ်။ နောက်တယောက်ကတော့ ပြေးသွားတယ်။"

အဲဒီသေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားရဲ့အလောင်းကို စစ်‌သားတွေကပဲ‌ လာရောက် သယ်ဆောင်သွားပြီး အခင်းဖြစ်ပွားရာအနီးက ဒေသခံနေအိမ်တွေကိုလည်း စစ်ဆေးမေးမြန်း ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့အနောက်ပိုင်း ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့ တာဟန်းနဲ့ တောင်ဇလပ် ရပ်ကွက် တွေမှာ နေ့စဉ်နီးပါးပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံ‌တွေအနေနဲ့ စစ်တပ်နဲ့ ဝေးရာမှာ နေထိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013