DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသ တိုက်ပွဲများတွင် စစ်ကောင်စီအရာရှိများအပါအဝင် ၉၀ ကျော်သေဆုံး
DVB
·
March 25, 2023
ကရင်နီဒေသ တိုက်ပွဲများတွင် စစ်ကောင်စီအရာရှိများအပါအဝင် ၉၀ ကျော်သေဆုံး
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ မတ် ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ၄ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဘက်က အရာရှိတွေအပါအဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာ နက ထုတ်ပြန်ပါတယ်။

ဒေါတမကြီးကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ကြတာဖြစ်ပါတယ်။

တိုက်ပွဲမှာ MA-1 ၁၀ လက် ၊ MA-2 ၁၀ လက် ၊ MA-3 ၁၀ လက် ၊ MA-4 79တွဲ ၁ လက် ၊ 9MM ပစ္စတို ၅ လက် ၊ RPG ၂ လက် ၊ ၆၀ မမ ပြောင်း ၂ ပြောင်း ၊ မိုင်းရှာစက် ၁ လုံး ၊ ဆက်သွယ်ရေးစက်တွေ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ ၊ ဖုန်း ၊ ဆက်စပ်ခဲယမ်းမီးကျောက်တွေ ၊ အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

 KNDF ဘက်က ရဲဘော် ၂ ယောက်အပါအဝင် ၊ KA က ရဲဘော် ၂ ယောက် ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံး ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဘက်ကို ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က စတင်ကာ  အင်အား ၃၃၀ လောက်ပါဝင်တဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ကာ ကရင်နီ ပူးပေါင်းတပ်တွေက လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်နေကြတာဖြစ်ကာ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေတာ ဖြစ်တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

လတ်တလော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာတာကြောင့် ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်တွေဘက်ကကနေ နေ့စဥ် လက် နက်ကြီးတွေ ပစ်ကူခဲ့တဲ့အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယာဉ်တွေနဲ့လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်တွေ လေ ကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှုတွေအပြင် မီးရှို့မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ခုခံစစ်ကနေ ထိုးစစ်ဆင်နိုင်တဲ့ တိုက်ပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဖော်ဆောင်နိုင်ဖို့ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူတွေအနေနဲ့ အလေးနက်ထား အကူအညီပေးကြဖို့လည်း  တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013