DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် တိုက်ပွဲပြင်းထန်၊ ကုန်သွယ်ရေးဇုန်ရှိ ရဲကင်း တိုက်ခိုက်မီးရှို့ခံရ
DVB
·
March 25, 2023
မြဝတီတွင် တိုက်ပွဲပြင်းထန်၊ ကုန်သွယ်ရေးဇုန်ရှိ ရဲကင်း တိုက်ခိုက်မီးရှို့ခံရ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအဓိကနေရာဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ရှိ   စစ်ကောင်စီပစ်မှတ်တွေကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက ပစ်ခတ်ခိုက်ခဲ့ပါတယ်။                                                              

မြဝတီကုန်သွယ်ရေးဇုန်အနီးရှိ ခလရ ၂၇၅ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က  မတ်လ ၂၄ ရက် မနေ့ ည ၁၀ နာရီမှာ ဒရုန်းနဲ့စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့သတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ မနက် ၄ နာရီမှာလည်း  မြဝတီကုန်သွယ်ရေးဇုန်မှာ လုံခြုံရေးယူထားတဲ့ ရဲကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက် သိမ်းပိုက်ပြီး မီးရှို့ခဲ့ပါတယ်။ 

မြဝတီ-ကော့ကရိတ် အာရှလမ်းအစပိုင်းရှိ BGF စခန်းကုန်းတခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး  သင်္ကန်းညီနောင်အဝင် ၉၀၁ တပ်စခန်းကိုလည်းဝင်တိုက်နေသလို   စစ်ကောင်စီတပ်တွေ စစ်ကူလာလို့ မရအောင် ကားလမ်းကိုလည်း မိုင်းဖောက်ခွဲ ဖျက်ဆီးထားတယ်လို့ သိရပါတယ်။ 

ဒီနေ့မနက် ၉ နာရီလောက်အထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေပြီး နှစ်ဖက်တပ်တွေ  ထိခိုက် ကျဆုံးမှု အခြေအနေအတိကျ မသိရသေးပါဘူး။ 

ပစ်ခတ်မှုဖြစ်ပြီးနောက်  မြဝတီမြို့တွင်းရဲစခန်းအနီး ပြည်သူတွေ ဖြတ်သန်းသွားလာလို့ မရအောင် လမ်းတွေပိတ်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013