DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့နယ် လယ်ဆော့လော့ BGF စခန်း သိမ်းပိုက်ခံရ
DVB
·
March 24, 2023
ဘီးလင်းမြို့နယ် လယ်ဆော့လော့ BGF စခန်း သိမ်းပိုက်ခံရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် (BGF) တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ တပ်အင်အား ၂၀ ကျော် တပ်စွဲနေထိုင်နေတဲ့ လယ်ဆော့လော့ BGF တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီကျော်ကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က BGF စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ BGF တပ်ဖွဲ့ ၆ ဦး သေဆုံးပြီး သေနတ် ၅ လက်အပါအဝင် လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲ‌အတွင်း BGF တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတာတွေ ရှိသလို သေဆုံးသွားတဲ့ အလောင်းတွေကိုလည်း လာရောက်ကောက်ယူတာ မရှိဘူးလို့ ဆိုပါတယ်။

BGF စခန်းသိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ PDF ရဲဘော်တဦး ဦးခေါင်းရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရတယ်။

KNU သထုံခရိုင်ထဲက BGF တပ်စခန်းတွေဟာ ‌ကျေးရွာနေ ပြည်သူတွေ မကြာခဏ ဖမ်းဆီးပြီး ငွေညှစ်တာနဲ့ သူတို့ စခန်းကို KNLA ပူးပေါင်းတပ်‌တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ အမြဲလို ခြိမ်းခြောက်နေတာပါ။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ် BGF တပ်စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013