DVB Logo
Home
မြန်မာသတင်း
ပန်တိန်းအပါအဝင် စစ်ကောင်စီစခန်း ၃ ခု သိမ်းပိုက်ခံရ
DVB
·
November 7, 2023
ပန်တိန်းအပါအဝင် စစ်ကောင်စီစခန်း ၃ ခု သိမ်းပိုက်ခံရ
Donate to DVB

ကရင်နီပြည်နယ် မယ်စဲမြို့နယ် ပန်တိန်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စခန်းအပါအဝင် စစ်ကောင်စီစခန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ 

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အပါအဝင် တော်လှန်ရေး အင်အားစုတွေတွေက ဒီကနေ့ နိုဝင်ဘာ ၇ ရက်မှာ ၁၁၀၇ စစ်ဆင်ရေးအနေနဲ့  ပြုလုပ်ပြီး ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ကလလတ ပြောခွင့်ရ ရဲဘော်လောရင်းစိုးက ပြောပါတယ်။ 

“ဟုတ်တယ်ဗျာ။ စစ်ဆင်ရေးက ၁၁၀၇ ဆိုပြီးတော့ နာမည်ပေးထားပါတယ်။ ဒီနေ့ကနေစပြီးတော့ အဲဒီမှာနေတဲ့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးလုပ်တာပေါ့နော်။ အဓိကကတော့ ကျနော်တို့ ဒီ ၁၀၂၇ ကို ကြိုဆိုပြီးတော့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုတဲ့ဟာ ကျနော်တို့ အားလုံးက ကြေညာချက်ထွက်ပြီးသားဖြစ်တယ်။ အဲဒါကို ကျနော်တို့ အဲဒါနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အတူတကွ တိုက်ခိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာမည်ပေးလိုက်တာဗျာ။” 

ဒီကနေ့မှာတော့ ပန်တိန်း စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ပန်တိန်းစခန်းဘေးက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ တပ်တွေကို တိုက်တာပါဗျာ။ လက်နက်ခဲယမ်းမျိုးစုံ ၁၆ လက်ရတယ်။  ကျဉ်ဆန်အများပြားရတယ်။ ရန်သူက တော့ ၂၀ ကျော်ကျတယ်” လို့လည်း  ရဲဘော်လောရင်းစိုးက ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံတဲ့အနေနဲ့ ၁၁၀၇ စစ်ဆင်ရေးအဖြစ် ကရင်နီပြည်မှာ စတင်အကောင်ထည်ဖော်ဆောင်နေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013