DVB Logo
Home
မြန်မာသတင်း
၂၀၂၅ ခုနှစ်အတွင်း လူနာ ၅၀၀ ခန့်ကို Unit-K က ကျန်းမာရေးစောင့်ရှောက်ပေးခဲ့
DVB
·
January 5, 2026
၂၀၂၅ ခုနှစ်အတွင်း လူနာ ၅၀၀ ခန့်ကို Unit-K က ကျန်းမာရေးစောင့်ရှောက်ပေးခဲ့
1 / 4
Donate to DVB

ကရင်နီပြည်နယ်အတွင်းက လူနာ အယောက် ၅၀၀ လောက်ကို ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ Unit-K အဖွဲ့ ဆီက သိရပါတယ်။

Unit-K အဖွဲ့ တာဝန်ခံ စောစတီဗင်က “အဓိကအနေနဲ့ ကျေးရွာ ၂ ခု မှာ နယ်မြေခံအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုအတွက်နဲ့ နယ်မြေမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ကို ကျန်းမာရေး ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။ အခြေခံကျန်းမာရေးသာမက ရှေ့တန်းစစ်မြေပြင်က လူနာများကိုလည်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။ တခါတရံ လိုအပ်ရင် လိုအပ်သလို စစ်ရှောင်များဆီ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါတယ်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လူနာ ၄၇၉ ယောက်ကို ကုသကူညီနိုင်ခဲ့ပြီး ဆေးဝါးမ​ပြည့်စုံတာနဲ့ စစ်ရှောင်စခန်းတွေဆီ သွားတဲ့အချိန်မှာ အသုံးပြုဖို့ ကားနဲ့ စက်သုံးဆီ မလုံလောက်တဲ့ အခက်အခဲ ကြုံရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဆီ ကွင်းဆင်းပြီး ဆေးဝါးကုသမှုပေးတာ၊ ရှေ့တန်းမှာ လူနာတွေကို ကူညီကုသပေးတာအပြင် ထပ်တိုးလုပ်ငန်းအနေနဲ့ သဘာဝဘေးတွေ၊ လူလုပ်ဘေးတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ပါဝင်ကူညီ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

စောစတီဗင်က “လုပ်ငန်းစဉ်အနေနဲ့ ပြောင်းလဲမှုမရှိပေမဲ့ အခုနှစ်ကစပြီး ကရင်နီမှာ ဖြစ်ပွားတဲ့ သဘာဝဘေးနဲ့ လူလုပ်ဘေးတွေမှာ သက်ဆိုင်ရာ နယ်မြေခံအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ။ အခက်ခဲအနေနဲ့ကတော့ ကျနော်တို့ဆီမှာ ဆရာ၊ ဆရာမ အင်အား လုံလောက်မှုမရှိတာရယ် ဝန်ဆောင်မှုပေးတဲ့အချိန်တွေမှာ အထောက်အကူပစ္စည်း မလုံလောက်တာပဲ ဖြစ်ပါတယ်ဗျ”လို့ ဆက်ပြောပါတယ်။

Unit-K အဖွဲ့ကို Karenni State Volunteer အနေနဲ့ စတင်ဖွဲ့စည်းပြီး ဆေးဝါးကုသမှုတွေကို ၄ နှစ်ကျော်ကာလအထိ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီးနောက် လက်ရှိမှာ Unit-K (Unified Network For Instant Task-Karenni) လို့ ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013