DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မုံရွာ ထနောင်းတောရွာ ပြန်လည်ထူထောင်ရေးကမ်ပိန်း စတင်
DVB
·
March 24, 2023
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မုံရွာ ထနောင်းတောရွာ ပြန်လည်ထူထောင်ရေးကမ်ပိန်း စတင်
1 / 8
Donate to DVB

စစ်ကောင်စီတပ်တွေက အကြမ်းဖက်  မီးရှို့ဖျက်ဆီးသွားတဲ့ မုံရွာမြို့နယ်၊ မုံရွာ-အမြင့် လမ်းဘေးက ထနောင်းတောရွာ ပြန်လည်ထူထောင်ရေးအတွက် အညာဒေသအတွက် နှမ်းတစေ့ကမ်ပိန်း ဆိုတဲ့ လှုပ်ရှားမှုကို စတင်နေပြီလို့ ပါဝင်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ထနောင်းတော(တောင်) ရွာကို အခု မတ် ၁၅ ရက် မနက်အစောပိုင်းမှာ မုံရွာ-မန္တလေး အမြန်လမ်းမကြီးဘေး မြေနဲကျေးရွာ စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက သေနတ်တွေပစ်ဖောက် ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒါကြောင့် နေအိမ် ၆၄ လုံး၊ ဆိုင်ကယ်အစီး ၃၀၊ ဆိုက်တွဲ ၁ စီး၊ ထွန်စက် ၁ စီး၊ ကား ၂ စီး မီးလောင်ဆုံးရှုံးခဲ့ရပြီး သက်ကြီးရွယ်အို ၃ ယောက်လည်း သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းကလည်း ထနောင်းတောမြောက်ရွာက အိမ် ၄ လုံးနဲ့ ထနောင်းတောတောင်ရွာက အိမ် ၃ လုံး မီးရှို့ခံခဲ့ရပါသေးတယ်။

ဒီအိမ်တွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် We Are People အဖွဲ့နဲ့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့ ပူးပေါင်းပြီး အညာဒေသအတွက် နှမ်းတစေ့ကမ်ပိန်းကို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တယောက်က “အဓိက လိုအပ်တာကတော့ နေထိုင်စရာ တဲပါ။ ကျနော်တို့အဖွဲ့အနေနဲ့ ကမ်ပိန်းအမြန်ပြည့်ရင်တော့ ယာယီတဲ ဆောက်ပေးဖို့ပါ။ တဲဆောက်တာ မမီတော့ရင်လည်း လိုရာသုံးဖို့ ငွေသားချည်း ပြန်လည်လှူဒါန်းသွားမှာပါဗျ။ ဆန်၊ ဆီတွေလည်း လှူဒါန်းဖို့လျာထားပါတယ်။ တဲတလုံးအတွက်ကတော့ ခန့်မှန်း ၃ သိန်းလောက် ကျပါတယ်။ ဒါတောင် ယာယီတဲပါ။ သေသေချာချာလုပ်ရင်တော့ ၅ သိန်းနဲ့ အထက်မှာပဲ” လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကနေ ကျပ်သိန်း ၁၀၀ ရဖို့ သူတို့က မျှော်မှန်းထားပြီး ၃ လ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ We Are People ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100089985672640 နဲ့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး https://www.facebook.com/MonywaAmyintRoadInformation တို့ကို ဆက်သွယ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013