DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့နယ် သမဝါယမဦးစီးမှူး ရေနစ်သေဆုံး
DVB
·
March 24, 2023
ပေါက်တောမြို့နယ် သမဝါယမဦးစီးမှူး ရေနစ်သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သမဝါယမဦးစီးမှူး ဒေါ်အုန်းတင်ဟာ မတ်လ ၂၄ ရက် ဒီနေ့မနက်ပိုင်းက ပေါက်တောမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ဘဲသောက်သုံးရေကန်မှာ ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေါ်အုန်းတင် (၅၇ နှစ်)ရဲ့ အလောင်းကို မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ ကန်မှာ ရေလာခပ်ကြတဲ့သူတွေကတွေ့ခဲ့လို့ မီးသတ်ဌာနကို အကြောင်းကြားတဲ့အတွက် အလောင်းကို ပေါက်တောမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ရေကန်ထဲမှာ ရေနစ်သေဆုံးနေတဲ့ အလောင်းတလောင်းတွေ့တယ်ဆိုပြီး သွားကြည့်တာ။ မီးသတ်တပ်ဖွဲ့တွေ အလောင်းကို ဆယ်နေကြတယ်။ ရေနစ်သေဆုံးသွားတာက ပေါက်တောမြို့နယ် သမဝါယမဦးစီးမှူး ဒေါ်အုန်းတင်လို့ သိရတယ်ဗျ။”

သေဆုံးသူ ဒေါ်အုန်းတင်ဟာ အလယ်ပိုင်းရပ်ကွက်၊ မင်းစောမွန်လမ်းမှာ နေထိုင်ပြီး နေ့စဉ် မနက်အစောကြီး ရေခပ်ထွက်လေ့ရှိကြောင်း မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

“သူက မနက်အစောကြီး အမြဲတမ်း အဲဒီကန်မှာ ရေခပ်လေ့ရှိတယ်ဗျ။ ရေခပ်ရင်းနဲ့ မတော်တဆ ရေနစ်တာမျိုး ဖြစ်နိုင်​တယ်” လို့ မျက်မြင်ဒေသခံက ပြောပါတယ်။

အလယ်ပိုင်းရပ်ကွက်ရှိတဲ့ သောက်သုံးရေကန်ဟာ အများပြည်သူ အသုံးပြုနေကြတဲ့ ရေကန်တခုလည်း ဖြစ်ပါတယ်။

အလောင်းမှာ ရိုးရိုးရေနစ်တာဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရကြောင်း အလောင်းဆယ်ယူခဲ့ကြတဲ့ ပေါက်တောမီးသတ်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

လက်ရှိမှာ သေဆုံးသူ ဒေါ်အုန်းတင်ရဲ့အလောင်းကို ပေါက်တောဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ=ပေါက်တောမီးသတ်ဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013