DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်တွင် မီးလောင်ပြီး နေအိမ် ၂၇ လုံးနှင့် စပါးကျီများ ဆုံးရှုံး
DVB
·
March 24, 2023
စလင်းမြို့နယ်တွင် မီးလောင်ပြီး နေအိမ် ၂၇ လုံးနှင့် စပါးကျီများ ဆုံးရှုံး
Donate to DVB

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နပင်ရွာမှာ မတ် ၂၃ ရက်နေ့ ညနေ ၅ နာခွဲလောက်က မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းကနေ သိရပါတယ်။

ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တဦးက “ရေနွေးအိုးတည်ပြီး အပြင်ထွက်သွားတာ၊ အဲ့ဒီကနေ စလောင်တာ၊ သူပြန်လာတော့ မီးက အတော်တောင်များနေပြီ။ သူ့ကိုလည်း ဖမ်းထားတယ်။ အိမ်တွေက ထရံကာနဲ့ ပျဉ်ကာတွေများတယ်။ နှစ်ထပ်အိမ် ၁၂ လုံးလောက်ပါတယ်။ မီးလောင်ခဲ့တဲ့အိမ်တွေက ဘာမှပြန်မရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ အချိန် ၂ နာရီကြာ ငြိှမ်းသတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဖော်ပြထားတာတော့ မတွေ့ရပါဘူး။

မီးလောင်မှုကြောင့် စပါးကျီထဲမှာ သိုလောင်ထားတဲ့ ဆန်စပါးအများအပြား ဆုံးရှုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ရွာခံတဦးက “လေးငါးအိမ်လောက်က စပါးကျီတွေရှိတယ်။ စပါးတွေလည်းကုန်၊ ဆန်အိတ်တွေကလည်း အဲ့ဒီအိမ်တွေမှာ ရှိတယ်၊ တအိမ်မှာ အနည်းဆုံး ဆန်အိတ်က ၅၀ အထက်ရှိတယ်။ အခုတော့ အကုန်မီးထဲပါသွားပြီ။ ဘယ်လိုမှ ပြန်သုံးလို့မရတော့ဘူး။ လူထိခိုက်မှုတော့ မရှိဘူး” လို့ ပြောပါတယ်။

Photo Zaw Min

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013