DVB Logo
Home
မြန်မာသတင်း
ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကို စစ်ကောင်စီက ထောင်ဒဏ်တသက် တကျွန်း ချမှတ်
DVB
·
March 23, 2023
ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကို စစ်ကောင်စီက ထောင်ဒဏ်တသက် တကျွန်း ချမှတ်
Donate to DVB

ဗကသများအဖွဲ့ချုပ်ရဲ့ တာဝန်ခံကျောင်းသားတယောက်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ခုံရုံးက မနေ့က ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့နဲ့ မတ် ၂၂ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်၊ သတင်းနဲ့ ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ပါတယ်။

အသက် ၂၀ အရွယ် ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း အထက ၁၊ မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013