DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီကိုတောင်းယူပါက သဒ္ဓါသလောက်ပဲရမည်ဟု ဗကသများအဖွဲ့ချုပ်ပြော
DVB
·
February 6, 2023
ဒီမိုကရေစီကိုတောင်းယူပါက သဒ္ဓါသလောက်ပဲရမည်ဟု ဗကသများအဖွဲ့ချုပ်ပြော
Donate to DVB

ဒီမိုကရေစီကို တောင်းယူရင် သဒ္ဓါသလောက်ပဲ ရရှိမှာဖြစ်ပြီး တိုက်ယူမှသာ အပြည့်အဝရရှိမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ပြည်သူလူထုတရပ်လုံးအနေနဲ့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲရဲ့ သရုပ်မှန်ကို သိရှိဖို့နဲ့ စစ်ကောင်စီထိန်းချုပ်တဲ့ မြို့နေလူထုအနေနဲ့ အဲဒီရွေးကောက်ပွဲကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆန့်ကျင်သပိတ်မှောက်လို့ရမလဲ ဆိုတာကို ဗကသများအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၅ ရက်မှာ ရုပ်သံဗီဒီယိုနဲ့ လှုံ့ဆော်လိုက်ပါတယ်။

စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးထိုးစစ် တခုမျှသာ ဖြစ်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ချေမှုန်းနိုင်တာမျိုး မရှိတဲ့အခါ နိုင်ငံရေးအရ ထိုးစစ်ဆင်လာတာဖြစ်ပြီး ဒီနိုင်ငံရေးထိုးစစ်ကို ကြံ့ကြံ့ခံ ရင်မဆိုင်နိုင်ရင်တော့ ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲတာမျိုး၊ အုပ်စုကွဲသွားတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သတိပေး ပြောကြားသွားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၀၂ဝ ရွေးကောက်ပွဲ အပါအဝင် စစ်အုပ်စုက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဘယ်ရွေးကောက်ပွဲမဆို ဆန့်ကျင်ပြီး “No vote” ပြုလုပ်ဖို့ တိုက်တွန်းခဲ့တဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။

ဒါ့အပြင် စစ်အုပ်စု ထိန်းချုပ်ထားနိုင်သေးတဲ့ မြို့နေလူထုအနေနဲ့ ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး မသွားဘဲ ဆန့်ကျင်သပိတ်မှောက်ရမှာဖြစ်သလို အတင်းအကျပ် ခေါ်ယူရင်လည်း ပယ်မဲဖြစ်အောင် ဖန်တီးတာမျိုးနဲ့ သပိတ်မှောက်နိုင်တယ်လို့ လမ်းညွှန်ထားပါတယ်။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီမဟုတ်ဘဲ ဒီမိုကရေစီရဲ့ တစိတ်တပိုင်းသာ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013