DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် စစ်တပ်က အမျိုးသား ၁ ဦးအား ပစ်သတ်ပြီး ရွာကိုမီးရှို့၊ ပြည်သူ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
March 23, 2023
ခင်ဦးတွင် စစ်တပ်က အမျိုးသား ၁ ဦးအား ပစ်သတ်ပြီး ရွာကိုမီးရှို့၊ ပြည်သူ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာထဲကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၅၀ ကျော်က အဖွဲ့နှစ်ဖွဲ့ခွဲပြီး မတ်လ ၂၃ ရက် မနက်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတဲ့အတွက် မြကန်ကျေးရွာ အပါအဝင် အနီးနားကျေးရွာ ၆ ရွာက ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အဝတ်ထုပ်တွေ ဆိုင်ကယ်ပေါ်တင်နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတဦးကိုလည်း သေနတ်ဒင်နဲ့ ထုရိုက်နှက်ပြီး ဦးခေါင်းကို သေနတ်နဲ့တေ့ကာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာတော့ အင်းပတ်ကွေ့တောင်ဘက် ဆီဆိုင်နားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အင်းပတ်ရွာနဲ့ ချမ်းသာကုန်းရွာကြားကို ပြန်လည် စစ်ကြောင်းထိုးလာတဲ့အတွက် လက်ရှိ ဒေသခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ထွက်ပြေးနေရတဲ့ ကျေးရွာတွေက မြကန်၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသာ စတဲ့ကျေးရွာတွေကဖြစ်ပြီး အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက အခုလို စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွာသစ်ကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ဖြစ်ပြီး အနီးနားကျေးရွာတွေကို မကြာခဏဆိုသလို ရိက္ခာယူဖို့အတွက် ဝင်ရောက်စီးနင်း လုယက်လေ့ရှိပြီး မြကန်ကျေးရွာကလည်း ၇ ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်း လုယက်ခံရသလို နေအိမ်တွေကိုလည်း မီးရှို့ခံနေရတယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲက ရွာသစ်ကုန်း၊ မဒေါင်းလှ၊ ပျဉ်ထောင်၊ မကျီးတုံ စတဲ့ကျေးရွာလေးခုမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲနေထိုင်နေပြီး အဲဒီကျေးရွာအနီးနားက ရွာတွေကို မကြာခဏ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် ခင်ဦးမြို့နယ်ထဲက ဒေသခံပြည်သူ ၉,၀၀၀ ကျော် အမြဲတမ်း စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013