DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် မြို့နယ်အလုပ်သမားရုံးဦးစီးမှူးများ ပါဝင်နေ
DVB
·
March 22, 2023
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် မြို့နယ်အလုပ်သမားရုံးဦးစီးမှူးများ ပါဝင်နေ
Donate to DVB

စက်ရုံလုပ်ငန်းရှင်တွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေမှာ မြို့နယ်အလုပ်သမားရုံး ဦးစီးမှူးတွေကိုယ်တိုင်က အလိုတူ ပါဝင်ပတ်သက်တာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အငြင်းပွားမှုတွေဖြစ်လို့ မြို့နယ်အလုပ်သမားရုံးတွေကို တိုင်ကြားရင် အလုပ်သမားဘက်က ရပ်တည်ဖြေရှင်းပေးရမယ့်အစား အလုပ်ရှင်က ဖြစ်စေချင်တဲ့ပုံစံမျိုးကို အလုပ်သမားတွေကို ပြန်ပြောတာမျိုးတွေ လုပ်လာကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက “တောင်ဒဂုံက စက်ရုံတခုဆို အလုပ်သမားတွေက အနည်းဆုံးလုပ်ခလစာတောင် မရလို့ သွားတိုင်တော့ ဦးစီးမှူးက အလုပ်ရှင်ဘက်ကနေရပ်ပြီး လုပ်ငန်းတွေက ကောင်းတာမဟုတ်ဘူး၊ ပေးနိုင်သလောက်ပဲယူပေါ့ ဆိုတာမျိုး ကြုံရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ထုတ် နစ်နာကြေးတွေနဲ့ ပတ်သက်လို့ တောင်းဆိုတဲ့အခါမှာလည်း အလုပ်သမားတွေရဲ့ ဥပဒေပါအတိုင်း တောင်းဆိုတာကို မြို့နယ်အလုပ်သမား ဦးစီးမှူးတွေက အလုပ်ရှင်ကိုယ်စား စျေးဝင်ဆစ်ပေးတာမျိုးတွေပါ ရှိနေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။

“အလုပ်သမားဥပဒေတောင် မကြေညက်တဲ့ ဦးစီးမှူးတွေ ကြုံဖူးတယ်။” 

လုပ်ငန်းခွင် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ဥပဒေပါအတိုင်း လိုက်ပါဖြေရှင်းပေးမှုတွေ နည်းလာတဲ့အတွက် မြို့နယ်အလုပ်သမားရုံးတွေအပေါ် အလုပ်သမားတွေရဲ့ ယုံကြည်မှုက အာဏာမသိမ်းခင် ကာလကထက် ကျဆင်းသွားတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ဥပဒေမဲ့ အလုပ်ထုတ်ခံရတာ၊ လုပ်ခလစာလျှော့ချခံရတာ၊ ဖိနှိပ်စေခိုင်းတာတွေ တိုးပွားလာပေမဲ့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရုံးတွေရဲ့ ဖြေရှင်းပေးမှုက အားရစရာ ရှိမနေဘူးလို့ သူတို့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013