DVB Logo
Home
မြန်မာသတင်း
သွေးစွန်းအကယ်ဒမီပွဲကို သပိတ်မှောက်ကြရန် ရုပ်ရှင်လောကသားများအား တိုက်တွန်း
DVB
·
March 22, 2023
သွေးစွန်းအကယ်ဒမီပွဲကို သပိတ်မှောက်ကြရန် ရုပ်ရှင်လောကသားများအား တိုက်တွန်း
Donate to DVB

တနိုင်ငံလုံး စစ်မီးတောက်လောင်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် သွေးစွန်းအကယ်ဒမီပွဲကို သပိတ်မှောက်ကြဖို့ မြန်မာ့ရုပ်ရှင်လောက အနုပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY က တိုက်တွန်းနှိုးဆော်ထားပါတယ်။

“တိုင်းပြည်နှင့် အနုပညာဟူသည် ရေကန်နှင့် ကြာကဲ့သို့ တည်ရှိသည်ဖြစ်ရာ ခေတ်အဆက်ဆက် စစ်အာဏာရှင်လက်အောက်တွင် အနုပညာ၏အဆင့်အတန်းသည်လည်း နိမ်ပါ့ယိုးယွင်းနေခဲ့ရသည့် အခြေအနေကို ရုပ်ရှင်လောကသားများ အသိဆုံးပင်ဖြစ်ပါသည်။ အနုပညာ၏ အခြေခံအကျဆုံးဖြစ်သော လွပ်လပ်စွာထုတ်ဖော်ပြသခွင့်များကို ဖိနှိပ် ပိတ်ပင်ထားပြီး၊ ရုပ်ရှင်ချစ် ပရိသတ်ပြည်သူများကို ညှဥ်းပန်းသတ်ဖြတ်နေသည့် စစ်ကောင်စီမှ ကျင်းပလာမည့် သွေးစွန်းသည့် အကယ်ဒမီပေးပွဲသည် ရုပ်ရှင်လောက၏ အနုပညာအဆင့်အတန်းကို မှတ်ကျောက်တင် အကဲဖြတ်ပေးနိုင်မည်ဟု ယုံကြည်ဖွယ်ရာ၊ လက်ခံဖွယ်ရာ မရှိ ဟု မိမိတို့မှ ယုံကြည်ပါသည်။”

လက်ရှိကာလမှာလည်း အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားသိမ်းပိုက်ရယူထားပြီး၊ အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို လည်း အကြမ်းဖက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့အပြင် မြန်မာ့ရုပ်ရှင်လောကကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ကျေးလက်ဒေသက ပြည်သူများစွာတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေပြီး ကုန်းကောက်စရာ တစမှမရှိ၊ သင်္ဂြိုဟ်စရာ အလောင်းပင်မရှိတဲ့အထိ အရက်စက်ဆုံးနည်းတွေနဲ့ စစ်ရာဇာဝတ်မှုတွေကို ကျူးလွန်နေတဲ့အပြင် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ စတဲ့နယ်ပယ်အသီးသီးက အနုပညာရှင်၊ အတတ်ပညာရှင်တွေကိုလည်း မတရားပုဒ်မများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဖိနှိပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အနုပညာရှင်အပေါင်းတို့ကို ခုတုံးလုပ်၊ ရုပ်ရှင်လောကသားတွေ အမြတ်တနိုးတ န်ဖိုးထားရာ အကယ်ဒမီရွှေစင်ရုပ်တုရဲ့ ဂုဏ်သရေကို ညှိုးလျော်စေဖို့အတွက် ကြံရွယ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးစွန်းအကယ်ဒမီပေးပွဲကို သပိတ်မှောက် မတက်ရောက်ကြဖို့ လေးနက်စွာ မေတ္တာရပ်ခံထားပါတယ်။

ပြည်သူ့ရင်က ပေါက်ဖွားတဲ့၊ ပြည်သူ့မေတ္တာ ပြည်သူ့လက်ခုပ်သံနဲ့ ရှင်သန်ရတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ ပြည်သူ့ဘက်ကသာရပ်တည်ပြီး ပြည်သူ့အကျိုးကိုသာ ရှေးရှုကာ အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးစွန်း အကယ်ဒမီပေးပွဲအပါအဝင် ဝါဒဖြန့်ချိရေးလုပ်ငန်းစဥ်တွေမှာ မပူးပေါင်း၊ မပါဝင်ကြဖို့ အနူးအညွတ်မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် မကျင်းပနိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲအခမ်းအနားကို  ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် ၃ နှစ်စာ ပေါင်းပြီး ကျင်းပဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013