DVB Logo
Home
မြန်မာသတင်း
ကျွမ်းကျင်လုပ်သားနှင့် ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်ကို ရန်ကုန်တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟုဆို
DVB
·
March 21, 2023
ကျွမ်းကျင်လုပ်သားနှင့် ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်ကို ရန်ကုန်တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟုဆို
Donate to DVB

ပြည်ပကို သွားရောက်လုပ်ကိုင်မယ့် ကျွမ်းကျင်လုပ်သားတွေနဲ့ ခွင့်ပြန်အလုပ်သမားတွေ အတွက် ပြည်ပအလုပ်အကိုင်လက်မှတ် (OWIC) ကတ်ကို ရန်ကုန်မြို့မှာ မတ်လ ၂၀ ရက်ကစပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

OWIC  ကတ်ပြုလုပ်တဲ့နေရာမှာ အလုပ်သမားတွေအနေနဲ့ ပွဲစားတွေကနေတဆင့် လုပ်ဆောင်တာတွေကို ကာကွယ်တားဆီးဖို့ အချိန်ကုန် ငွေကုန် သက်သာအောင် အလုပ်သမားတွေရဲ့ ကတ်လျှောက်ထားမှုတွေကို ကတ်ထုတ်ပေးရေးတာဝန်ခံ အရာရှိက စိစစ်ပြီး တိုင်းဒေသကြီးတာဝန်ခံ အရာရှိဆီမှာ ခွင့်ပြုရယူပြီးတဲ့နောက် ရုံးဖွင့်ရက် ၃ ရက်အတွင်းမှာ ကတ်ထုတ်ရမယ့် အမည်စာရင်းကို ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

အရင်က OWIC ကတ် ပြုလုပ်ဖို့အတွက် စာအုပ်၊ ပါမစ်နဲ့ ခွင့်စာကို ရန်ကုန်ကနေ နေပြည်တော်ကို စာတွေပို့၊ အဆင့်ဆင့် လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး နေပြည်တော်ကနေ ကတ်ပြန်ချပေးဖို့ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရတယ်လို့လည်း တောင်ကိုရီးယားနိုင်ငံကနေ ခွင့်နဲ့ပြန်လာသူတဦးက ပြောပါတယ်။

ခွင့်နဲ့ပြန်လာတဲ့သူတွေက သင်တန်းတက်စရာမလိုဘဲ အသစ်သွားမယ့်သူတွေက ကျွမ်းကျင်သင်တန်းကို မြောက်ဒဂုံ (ပင်လုံ) မှာ တက်ရပြီး ကတ်ရဖို့အတွက်ဆိုရင်တော့ တပတ်လောက်ကြာမှာဖြစ်ကာ ကတ်ရအပြီးအစီးအနေနဲ့ တသိန်းခွဲဝန်းကျင် ကျသင့်မယ်လို့ ရန်ကုန်မြို့က OWIC ကတ် ပြုလုပ်ပေးနေတဲ့ ပွဲစားတဦးက ပြောပါတယ်။

အသစ်သွားမယ့်သူတွေအတွက် သင်တန်းတက်ဖို့ safe migration telegram မှာ ကိုယ့်နာမည်ပါလာရင် မြောက်ဒဂုံပင်လုံခန်းမမှာ သင်တန်း ၂ ရက် တက်ရပြီး သင်တန်းပြီးမြောက်ကြောင်း စာနဲ့အတူ OWIC ကတ် ပြုလုပ်ခွင့်စာကို နေပြည်တော် ထပ်တင်ရကာ နောက်ထပ် ၄ ရက်လောက်နေရင် ကတ်လုပ်ခွင့်အမည်စာရင်း telegram မှာပါလာရင် ၈ မိုင် မဟာစည်နားကရုံးမှာ ကတ်ထုတ်ဖို့သွားရပြီး ကိုယ်တိုင်လုပ်မယ် ဆိုရင်တော့ တသောင်းခွဲလောက်သာ ကုန်ကျတယ်လို့ အသစ်လျှောက်ထားသူတဦးက ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေ ပြည်ပကိုစေလွှတ်မယ့် အလုပ်သမားတွေ ကတော့ အခုလိုထုတ်ပြန်လိုက်တဲ့ အစီအစဥ်မှာ ပါဝင်ခြင်းမရှိဘဲ နေပြည်တော်ကို စာတင်ပြီး လျှောက်ရမှာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေအတွက် ပြည်ပအလုပ်အကိုင် လက်မှတ် OWIC ကတ် ကိုင်ဆောင်ရမယ့်စနစ်ကို စစ်ကောင်စီက ထပ်တိုး တင်းကျပ်ခဲ့တာဖြစ်ပြီး ကတ်သက်တမ်း ၅ နှစ်အတွင်းမှာ ပြည်တွင်းပြန်လည်ဝင်ရောက်တာနဲ့ ပြည်ပထွက်ခွာတဲ့ နေရာတွေမှာ အသုံးပြုရမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013