DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ၌ အိမ်သာတွင်းအသစ်ပြုပြင်စဉ် အောက်စီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦးသေဆုံး
DVB
·
March 21, 2023
ကျောက်ဖြူ၌ အိမ်သာတွင်းအသစ်ပြုပြင်စဉ် အောက်စီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မတ်လ ၂၁ ရက် မနက်က နေအိမ်တအိမ်ရှိ အိမ်သာတွင်းအသစ်ကို ပြုပြင်ဖို့ တွင်းထဲဆင်းသွားစဉ် အောက်စီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ရကြောင်း ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာက လက်သမားလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်လွင်ဖြစ်​ပါတယ်။

မျက်မြင်ဒေသခံတဦးက “သူက လူတကိုယ်စာဆံ့တဲ့ အိမ်တွင်းအသစ်ထဲက ကွန်ကရစ်အဖုံးပေါ်က အပေါက်ကို အိမ်သာကျင်းထဲဆင်းပြီး သစ်သားဒေါက်တိုင်တွေကို ပြန်ဖြုတ်ယူတာ။ ကျင်းထဲမှာ အောက်ဆီဂျင်မရှိတော့ အသက်ရှူပြတ်တောက်ပြီး သတိမေ့သွားတာ။ အိမ်ရှင်နဲ့ နောက်အလုပ်သမား ၃ ဦး ကျင်းထဲဆင်းပြီး ကယ်ထုတ်ကြတယ်။ သူတို့ ၃ ဦးလည်း အပေါ်ကို ရောက်တာနဲ့ သတိမေ့သွားကြတယ်။ ဦးချစ်လွင်ကို လေးဝတီကုလရက္ခိတ ပရဟိတအသင်းက အရေးပေါ်ဆေးရုံပို့ရာ လမ်းခုလတ်မှာ ဆုံးသွားတယ်။ သူ့ကို ကယ်ထုတ်တဲ့ အိမ်ရှင်နဲ့ အလုပ်သမား ၃ ဦးက အောက်ဆီဂျင်ရှူခိုင်းပြီး ပြန်သတိရလာကြတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ သူ အလုပ်လုပ်နေတဲ့ ဦးကျော်ဝင်းနေအိမ် အိမ်သာကျင်းအသစ် ပြုလုပ်ရာက ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- လေးဝတီကုလရက္ခိတပရဟိတအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013