DVB Logo
Home
မြန်မာသတင်း
ရန်ကင်း အရန်ရဲအိမ်ရာဝင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
March 21, 2023
ရန်ကင်း အရန်ရဲအိမ်ရာဝင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်ရှိ ရန်ကုန်တိုင်း အရန်ရဲ‌တပ်ဖွဲ့ရဲ့ အိမ်ရာဝင်းကို မတ်လ ၂၀ ရက် ည ၉ နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force ကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ဆက်နွှယ်တဲ့ပစ်မှတ်တွေကို  တိုက်ခိုက်နေတဲ့ မြို့ပြတော်လှန်ရေးအဖွဲ့ FLA က အခု မစ်ရှင်ကို တခြားမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ FLA ရဲ့ တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့တွေက စစ်ကောင်စီလက်အောက်ခံမှန်သမျှကို တိုက်ခိုက်မှာပါဗျ။ ရန်ကုန်ကို လုံးဝအုပ်ချုပ်ခွင့်မပေးပါဘူး။ နိုင်တဲ့အားနဲ့ ကျားကန်နေဦးမှာပါ။ မစ်ရှင်ကို ကျနော်တို့ Freeland Attack Force (FLA) ရယ် Anonymous Fighters Force (AFF) က ဦးဆောင်ပြီး တခြားမဟာမိတ်တွေဖြစ်တဲ့ Yangon Underground Force (YUF)၊ Emerald Girls Army (EGA) တို့နဲ့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုပြီးတော့ သူတို့ မီးဖြတ်လိုက်တယ်။ နောက် ရဲတွေထွက်လာတော့ ကျနော်တို့ ထိခိုက်မှုစာရင်းကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။”

လက်ရှိမှာ စစ်ကောင်စီက မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေကို တင်းကျပ်စွာ လိုက်လံဖမ်းဆီးနေတဲ့အတွက် မစ်ရှင်တွေလုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိတယ်လို့ FLA တာဝန်ခံက ဆက်ပြောပါတယ်။

“အခုဆို UG တွေကို ပိုက်စိတ်တိုက် ရှာဖွေဖမ်းဆီးနေတဲ့ ကာလဆိုတော့ မစ်ရှင်လုပ်ရတာ ပိုခက်ခဲလာပါတယ်။ ငွေရေးကြေးရေးနဲ့ နေထိုင်ရေးတွေက အစပေါ့။ ကျနော်တို့မှာ ပြည်သူတွေထိခိုက်မှာစိုးလို့၊ ပစ္စည်းတွေ error တက်လို့ဆိုပြီး ဖျက်လိုက်ရတဲ့ မစ်ရှင်တွေလည်းရှိတယ်။”

Freeland Attack Force ဟာ ရန်ကုန်က စစ်ကောင်စီဒေါက်တိုင်တွေကို တိုက်ခိုက်နေတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တခုဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ဦးဆောင်မစ်ရှင်တွေနဲ့ ပူးတွဲစစ်‌ဆင်ရေးတွေ စုစုပေါင်း မစ်ရှင် ၂၀ လုပ်ဆောင်ခဲ့တဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013