DVB Logo
Home
နိုင်ငံတကာ
ရန်သူကိုစိန်ခေါ် ဗုံးခွဲပြသည့် ကမ္ဘောဒီးယားလူငယ် ၃ ဦး ဖမ်းဆီးခံရ
DVB
·
December 19, 2025
ရန်သူကိုစိန်ခေါ် ဗုံးခွဲပြသည့် ကမ္ဘောဒီးယားလူငယ် ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယားလူငယ်တစုက တုတ်ဓားကိုင်ကာ ရန်သူကို စိန်ခေါ်ပြီး ဗုံးဖောက်ခွဲပြတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့ပါတယ်။

မိနစ်ပိုင်းသာကြာတဲ့ အဆိုပါဗွီဒီယိုဖိုင်ထဲမှာ ဆိုင်ကယ်ဦးထုပ်ဖြူဆောင်း လူငယ်တယောက်က ရန်သူကိုစိန်ခေါ်ကာ လက်ပစ်ဗုံးကို ပစ်ပေါက် ဖောက်ခွဲပြသခဲ့ပါတယ်။

ဗုံးဖောက်မှုကြောင့် ပျက်စီးဆုံးရှုံးတာတွေတော့ မသိရသေးပါဘူး။ လူမှုကွန်ရက်မှာတော့ လက်ရှိ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်မြေပြဿနာဖြစ်ပြီး တိုက်ခိုက်နေစဉ် အခုလိုဗီဒီယိုဖိုင် တင်လိုက်တာဟာ ထိုင်းကို စိန်ခေါ်လိုက်တာလို့ ဝေဖန်နေကြပါတယ်။

ရဲတပ်ဖွဲ့က လိုအပ်သလိုစစ်ဆေးပြီး ဒီလ ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ အဆိုပါဗွီဒီယိုဖိုင်ထဲက လူငယ် ၃ ယောက်ကို ချွန်းပူးရီးခရိုင် နောင်ယိုင်မြို့ သံထည်စက်ရုံ မီးပွိုင့်အနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

လူငယ် ၃ ယောက်မှာ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ပီခမေရင် (အသက် ၂၀ နှစ်)၊ ခဲမရာမွတ် (အသက် ၁၉ နှစ်) နဲ့ ပိတ်ချ်အွမ် (အသက် ၂၀ နှစ်) တို့ဖြစ်ပြီး သူတို့အုပ်စုထဲမှာ ၁၁ ယောက်ရှိတယ်။ ဒါကြောင့် နောက်ထပ် ၈ ယောက် စုံစမ်းဖမ်းဆီးရမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ သူတို့ဟာ ထိုင်းလူမျိုးတွေကို ရည်ရွယ်တာမဟုတ်ဘဲ ရန်ငြိုးရန်စ ရှိဖူးတဲ့ ကမ္ဘောဒီးယားလူငယ်အချင်းချင်းကို လုပ်ပြတာလို့ ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ်တယောက်ရဲ့ မိခင်ကလည်း သူတို့ ထိုင်းမှာနေတာ နှစ် ၂၀ ကျော်ပြီ။ သူ့သား ဒီလိုလုပ်တတ်တယ်ဆိုတာ တခါမှမသိဖူးဘူး၊ အပေါင်းအသင်းတွေကြောင့်လို့ထင်တယ်၊ သူ့သားရဲ့လုပ်ရပ်ကြောင့် ထိုင်းပြည်သူတွေကို တောင်းပန်တယ်လို့  ပြောပါတယ်။

နောင်ယိုင်နယ်မြေရဲစခန်းကတော့ အဆိုပါလူငယ် ၃ ယောက်ကို ပေါက်ကွဲစေတဲ့ပစ္စည်း လက်ဝယ်ထားရှိခြင်း၊ အများပြည်သူကြားမှာ လက်နက်ကိုင်ဆောင်ခြင်း၊ အများပြည်သူ ထိတ်လန့်အောင် နှောင့်ယှက်ခြင်း စတဲ့ ရာဇဝတ်မှုဆိုင်ရာပုဒ်မတွေနဲ့ အရေးယူမဲ့အပြင် နေထိုင်ခွင့်ဗီဇာပိတ်တာ၊ ပြည်နှင်ဒဏ်ပေးတာ စတဲ့ လဝကဥပဒေတွေနဲ့ပါ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: CH8 Thai TV / MGROnline

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013