DVB Logo
Home
မြန်မာသတင်း
PTTEP ထိုင်းကုမ္ပဏီကို NUG အစိုးရက စင်ကာပူနိုင်ငံတွင် တရားစွဲမည်
DVB
·
March 21, 2023
PTTEP ထိုင်းကုမ္ပဏီကို NUG အစိုးရက စင်ကာပူနိုင်ငံတွင် တရားစွဲမည်
Donate to DVB

ထိုင်း ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီ (PTTEP) ကို တောင်းဆိုချက်ပါ စာပေးပို့ထားပြီး လိုက်နာမှုမရှိရင် စင်ကာပူနိုင်ငံက အငြင်းပွားမှုဆိုင်ရာခုံရုံးတွင် တရားစွဲသွာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ဘက်က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကို နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေတဲ့ ထိုင်းနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီ (PTTEP) ကို မတ်လ ၂၀ ရက် နေ့စွဲနဲ့ တောင်းဆိုစာ Demand Letter တစ်စောင်ကို NUGက ပေးပို့ပေးခဲ့တာပါ။

စာပါ တောင်းဆိုချက်တွေကို မလိုက်နာရင် စင်ကာပူနိုင်ငံက အနုညာတအငြင်းပွားမှု ဆိုင်ရာခုံရုံးမှာ ဦးတိုက်လျောက် ထားပြီး PTT ကုမ္ပဏီကို တရားစွဲဆိုသွားမယ်လို့ NUG ရဲ့  စီမံရေး၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က မတ်လ ၂၀ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ဘက်က Demand Letter ပေးပို့ပြီးတော့ ကာလတခုစောင့်ရပါတယ်။ စောင့်ရတာက ရက် ၃၀ ပေါ့နော်။ တကယ်လို့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့ မျှော်မှန်းသလို သိပ်ပြီးတော့ မကိုက်ညီဘူးဆိုရင် ပဋိညာဉ်စာချုပ်ပါ ကတိကဝတ်နဲ့ ပေးထားချက်များအရ လုပ်ထုံးလုပ်နည်းများအရ  စင်ကာပူမှာ ‌arbitrational tribunal ပေါ့နော် အနုညာတအငြင်းပွားမှုဆိုင်ရာခုံရုံးကို ဦးတိုက်လျှောက်ထားသွား မှာဖြစ်ပါတယ်။”

NUG က ပေးပို့ထားတဲ့ တောင်းဆိုချက် Demand Letterထဲမှာ PTT ရဲ့  ဓာတ်ငွေ့ရောင်းချမှုဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီကို ပေးဆောင်နေတဲ့ ငွေကြေးဆိုင်ရာပေးချေမှုတွေကို ရက်ပေါင်း ၃၀ အတွင်းမှာ NUG ကို ပေးဖို့ တောင်းဆိုချက် ၂ ခုကို အဓိထားဖော်ပြပါရှိပါတယ်။

အခုလို တောင်းဆိုချက် ပေးပို့တာဟာ PTT ကို မြန်မာနိုင်ငံအတွင်းက ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်နေတာတွေကို ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ စစ်ကောင်စီကို ပေးဆောင်နေတဲ့ငွေကြေးဆိုင်ရာကိစ္စတွေကို လူထုက အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့  ဆက်လက်လက်တွဲဆောင်ရွက် စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစစ်ကောင်စီက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေဆီကနေ နှစ်စဉ် ဒေါ်လာသန်း ၁၁၀၀ ဝန်းကျင်ရရှိနေပြီး PPT ကုမ္ပဏီလက်ရှိလုပ်ကိုင်နေတဲ့ ရတနာစီမံကိန်းတခုတည်းကနေ ၂၀၂၂ ပထမ ၆ လအတွင်းမှာပဲ စစ်တပ်ကို ဒေါ်လာသန်း ၂၅၀ ကျော်ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို PTT ကုမ္ပဏီနဲ့ ပတ်သက်လို့ တောင်းဆိုစာပေးပို့တာမှာ ရလဒ်ကောင်းတွေ မျှော်လင့်ထားတယ်လို့ NUG စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ ကျနော်တို့  ဝန်ကြီးဌာနမဖွဲ့ခင်ကတည်းကနေ ဖွဲ့ပြီးတဲ့အချိန်ထိ တောက်လျှောက် နိုင်ငံတကာသံတမန်တွေရော နိုင်ငံတကာလွတ်တော်တွေရော တောက်လျှောက်တွေ့ဆုံဆွေးနွေးခဲ့တာတွေလည်းရှိတယ်။ ကျနော်တို့ မျှော်လင့်တယ်လို့ပဲ လောလောဆယ် ပြောနိုင်ပါတယ်။ သက်ဆိုင်ရာ အစိုးရတွေရဲ့ ကိစ္စဖြစ်တော့ ယတိပြတ်တော့ မပြောနိုင်ဘူး။ ကျနော်တို့ တောက်လျှောက်တော့ ကြိုးစားနေတာ ရှိပါတယ်။”

စင်ကာပူခုံရုံးမှာ ဦးတိုက်လျောက်ထားဖို့အတွက် တရားရုံးစရိတ်နဲ့ ရှေ့နေကုန်ကျစရိတ်တွေကို အကူအညီပေးဖို့ ဖောင်ဒေးရှင်တချို့ထံ မေးမြန်းညှိနှိုင်းနေပြီး မရပါက NUG ရဲ့  ကိုယ်ပိုင် ဘဏ္ဍာရေးရန်ပုံငွေနဲ့ အသုံးပြုသွားမှာဖြစ်ပြီး တော်လှန်ရေးအတွက် အရေးပါတဲ့ ကိစ္စတခုဖြစ်လို့ လိုအပ်ပါက ပြည်သူလူထုက ထောက်ပံ့ပေးမယ်လို့ ယုံကြည်ကြောင်းလည်း အန်ယူဂျီ ဝန်ကြီးတွေက ရှင်းလင်းပြောပါတယ်။

NUG၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုဆန္ဒပြမှုတွေကြောင့် ၂၀၂၂ မှာ  ဥရောပသမဂ္ဂ EU က MOGE ကို  ပိတ်ဆို့အရေးယူလိုက်တဲ့အတွက် စစ်ကောင်စီကရမယ့် ဒေါ်လာသန်း ၂၀၀ လောက်ကို မရနိုင်ဘဲ ပိတ်ဆို့ခံ ထားရတယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် MOGE နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ တခြားကုမ္ပဏီတွေကို ဆက်လက် အရေးဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီက လက်ရှိမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေဆီကနေ နှစ်စဉ် ဒေါ်လာသန်း ၁၁၀၀ ဝန်းကျင်ရရှိနေပြီး PPTE ကုမ္ပဏီလက်ရှိလုပ်ကိုင်နေတဲ့ ရတနာစီမံကိန်းအပါအဝင် စီမံကိန်း ၄ ခုကနေ ၂၀၂၂ ဒုတိယ လေးလအတွင်းမှာပဲ စစ်တပ်ကို ဒေါ်လာ ၈၁၉ သန်းပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

PTTEP အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက ရတနာစီမံကိန်းနဲ့ ရဲတံခွန်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၂ ဧပြီလမှာ ရဲတံခွန်စီမံကိန်းနဲ့ တနင်္သာရီ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးပိုက်လိုင်းကုမ္ပဏီကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၀ ရက်နေ့က ထွက်ခွာသွားတဲ့ Total Energies ရဲ့  ရတနာစီမံကိန်းအဓိက Operator နေရာကို ဆက်ခံခဲ့ပြီး ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013