DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌ စစ်ကောင်စီသိမ်းပိုက်ထားသည့် တပ်စခန်း ၁ ခုကို PDF ပြန်တိုက်ယူနိုင်
DVB
·
March 20, 2023
ရေစကြိုမြို့နယ်၌ စစ်ကောင်စီသိမ်းပိုက်ထားသည့် တပ်စခန်း ၁ ခုကို PDF ပြန်တိုက်ယူနိုင်
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသမှာရှိတဲ့ Myingan Black Tiger အဖွဲ့ရဲ့ တပ်စခန်းဌာနချုပ်နေရာကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့  MBT တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းက သိမ်းပိုက်ထားခဲ့တဲ့ တပ်စခန်းကို မဟာမိတ်တွေနဲ့ ပြန်လည်တိုက်ယူနိုင်ခဲ့တာလို့  MBT တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေအကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ပွါးပြီး PDF နှစ်ဦး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးကုသဖို့အတွက် အနီးစပ်ဆုံးနေရာကို ခေါင်းဆောင်ပိုင်းတွေနဲ့ သွားခဲ့တဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်စခန်း MBT ဌာနချုပ် ဝင်အစီးခံရတာလို့ဆိုပါတယ်။

"၁၆ ရက်နေ့ကတည်းက ကျနော်တို့နဲ့ အဲဒီဘီလူးစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာပါ ၁၈ ရက်နေ့မှာ ဒီကောင်တွေ ကျနော်တို့ စခန်းကို ချဥ်းကပ်နေတာကို စတင်သတိထားမိပြီး သွားတိုက်ခဲ့တယ်။ အဲ့မှာ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိပြီး ပြန်ဆုတ်လာခဲ့တာ ဒဏ်ရာရ ရဲဘော်နှစ်ဦးကို ဆေးကုသဖို့ ခေါင်းဆောင်ပိုင်းတွေသွားတုန်းအချိန်မှာ ညဘက် အင်အား ၂ဝဝခန့်နဲ့ စီးနင်းခံရတာပါ ရဲဘော်တွေလည်း ခုခံပြီး ပြန်တိုက်ပေမဲ့ စစ်မှုရေးရာ အမိန့်ပေး ခေါင်းဆောင်မပါတဲ့အတွက် လက်နက်ခဲယမ်းနဲ့အရေးကြီးပစ္စည်းတွေယူဆောင်ပြီး စခန်းစွန့်ခဲ့ရပါတယ်။ မနေ့ကညနေမှာ တခြား မဟာမိတ်တွေအကူအညီနဲ့ စခန်းပြန်တိုက်ပြီး သိမ်းယူနိုင်ခဲ့တယ်" လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းက MBT ဌာနချုပ်ရဲ့ အနောက်ဘက်ကရွာတွေကို ဝင်ရောက်နေပြီး နေအိမ်မီးရှို့ ပစ္စည်းလု ကျေးရွာနေဒေသခံတွေကို ဖမ်းခေါ်သွားတယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

MBTတပ်ဖွဲ့က လက်ရှိမှာ ရေစကြို အရာတော် မြောင် စတဲ့ ဒေသတွေက မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပါင်းပြီးပြင်ဆင်မှုတွေပြုလုပ်နေကာ စစ်ရေးအရတင်းမာမှုဖြစ်နေပြီး တိုက်ပွဲတွေဆက်လက်ဖြစ်လာဖို့ အလားအလာ ရှိနေတဲ့အပြင် လက်လုပ် လက်နက်တွေသာရှိတဲ့အတွက် ခဲယမ်းတွေနဲ့ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့သိရပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ရေစကြိုမြို့ပေါ်က ထွေအုပ်ရုံးကိုလဲ အဝေးပစ်လောင်ချာ၊၄ဝမမ စတာတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ လတ်တလောသိရပါတယ်။

ဓာတ်ပုံ/ဗွီဒီယို - MBT ပြန်ကြားရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013