DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တွင် ရဲစခန်း၊ မြို့ဝင်ဂိတ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရ
DVB
·
March 20, 2023
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တွင် ရဲစခန်း၊ မြို့ဝင်ဂိတ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်မှာ မတ်လ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ မြို့မရဲစခန်း၊ မြို့ဝင်ဂိတ်၊ ဇီးပြားရဲစခန်းနဲ့ ပျူစောထီးစခန်းတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေသိရပါတယ်။

မြိုင်မြို့မရဲစခန်းနဲ့ မြို့ဝင်ဂိတ်တွေကို မတ်လ ၁၈ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Shar Htoo Wow ဒရုန်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ Fixed Wing Drone တွေနဲ့တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ဟာ အပြစ်မဲ့ခရီးသွားပြည်သူတွေကို စစ်ဆေးဖမ်းဆီးပြီး  မတရား ငွေညှစ်တာတွေပြုလုပ်နေလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ဗိုလ်လက်ယာက ပြောပါတယ်။

ပေါက်မြို့နယ် ဇီးပြားရဲစခန်းနဲ့ ၂ ဖာလုံလောက်အကွာမှာရှိတဲ့ သရော်ကိုင်း ပျူစောထီးရွာကို ဒီနေ့ မတ်လ ၂၀ ရက် မနက် ၅ နာရီ မိနစ် ၄၀ အချိန်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဇီးပြားရဲစခန်းနဲ့ ပျူစောထီးရွာကို ချည်းကပ်ခဲ့ပေမဲ့ လမ်းပိုင်းတွေကို ဖျက်ဆီးပြီး ခံစစ်ကို အသေချာပြင်ဆင်ထားတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး အနီးကပ်တိုက်ခိုက်တဲ့အချိန်မှာ PDF ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ချောင်းကူးရွာဘက်က စစ်ကောင်စီတပ်ကလည်း ၁၂၀မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးသလို ပေါက်မြို့ကနေ ကား ၅ စီးနဲ့ စစ်ကူတွေလိုက်လာလို့ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013