DVB Logo
Home
မြန်မာသတင်း
ပြည်မြို့၌ လမ်းလျှောက်သင်္ကြန်ကျင်းပရန် စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ဆက်ကြေး ကောက်နေ
DVB
·
March 20, 2023
ပြည်မြို့၌ လမ်းလျှောက်သင်္ကြန်ကျင်းပရန် စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ဆက်ကြေး ကောက်နေ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆီကနေ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက အတင်းအကျပ် ဆက်ကြေးလိုက်ကောက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

စစ်ကောင်စီတပ်၊ မြို့နယ်စည်ပင်သာယာရေးဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီး မြို့ပေါ်ရှိ  ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ဆန်စက်၊ ဆီစက်၊ သစ်စက်၊ အရက် ဘီယာ ရောင်းချ‌‌တဲ့ ဆိုင်တွေဆီက မတ် ၂၀ ရက်ဒီကနေ့စတင်သွားရောက်ပြီး ငွေကျပ် ၃၀၀၀၀ ကနေ  ၁ သိန်းအထိ လိုက်လံကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင်တဦးက “အရောင်းအဝယ်တွေက မကောင်းတာကြာပြီ။ ကုန်ဈေးနှုန်းတွေက အရမ်းတက်နေတော့ ဒါလေးနဲ့ ရပ်တည်နေတာဆိုတော့လည်း မပိတ်နိုင်သေးဘူး။ သူတို့က သဒ္ဓါကြေးကောက်တာမဟုတ်ဘူး။ သုံးသောင်းအနည်းဆုံး မပေးမနေရပုံစံမျိုးနဲ့ တောင်းတာ။ မိသားစုဝင်ထဲမှာ လက်သုံးချောင်းထောင်ဖူးတယ်ဆို ပိုဆိုးတာပေါ့။ အကြပ်ကိုင်တောင်းတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့ခံသစ်အရောင်းအဝယ်သမားတဦးကလည်း “ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲလုပ်ခိုင်းတာ ငွေအတော်ကုန်တယ်။ အခုလည်း ကျနော်တို့ အဖွဲ့က ဦးဆောင်ရဦးမယ်။ ဘာပွဲလုပ်လုပ် ကျနော်တို့ သစ်သမားတွေကပဲ ငွေစိုက်လုပ်နေရတာ။ ကြာတော့ ဒဏ်မခံနိုင်တော့ဘူး။ ဒီအလုပ်နားမှရတော့မယ်”လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူကာ လုပ်ငန်းကြည့်ပြီး ကျပ် ၁ သိန်းထိ လိုက်လံကောက်ခံနေတယ်လို့ ဆိုပါတယ်။

ရပ်ကွက်ရာအိမ်မှူးတဦးက “ဒီနေ့ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ဆိုပြီး ထွေအုပ်က ခေါ်တယ်။ မနက်က မြစ်ကမ်းနံဘေးလျှောက်ကြည့်ကြတယ်။ စည်စည်ကားကားကျင်းပနိုင်ဖို့ ခင်ဗျားတို့မှာ တာဝန်ရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်ပြောတယ်။ အုပ်ချုပ်ရေးမှူးတွေက သူတို့လူတွေဆိုတော့လုပ်မှာပဲ။ အရင်နှစ်ကလည်း တနိုင်ငံလုံး မလုပ်နိုင်ပေမဲ့ ကျနော်တို့ မြို့မှာတော့ ယိမ်းအကပြိုင်ပွဲတွေ ရပ်ကွက်တိုင်းက ဝင်ပြိုင်ကျရတာပဲ” လို့ ပြောပါတယ်။

မတ် ၂၀ ရက် မနက်ပိုင်းမှာ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နဲ့အဖွဲ့နဲ့ ရေနစ်သူ ကယ်ဆယ်ရေးအသင်းတို့မှ လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ဖို့ နေရာတွေ လိုက်လံကြည့်ရှုနေ တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013