DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်တွင် သီတင်းတပတ်ကျော်ကြာ လျှပ်စစ်မီးပျက်နေ
DVB
·
March 20, 2023
ထီးချိုင့်တွင် သီတင်းတပတ်ကျော်ကြာ လျှပ်စစ်မီးပျက်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က မြို့ပေါ်ရပ်ကွက်နဲ့ ရွာပေါင်း ၈၀ မှာ မတ် ၁၂ ရက်‌က စပြီး ဒီကနေ့ထိ လျှပ်စစ်မီးပျက်နေလို့ အခက်အခဲကြုံနေရတယ်လို့  ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်ဒေသခံတဦးက “ထီးချိုင့်မြို့ကနေ မတ် ၁၂ ရက်က ကသာဘက်ကို စစ်ယာဉ်တန်း ၄၈ စီး ဖြတ်တုန်းက စပြီး မီးပျက်သွားတယ်။ သူတို့ ပစ်တဲ့ကျည်က Transformer ကြီးကို မှန်သွားပြီး တမြို့နယ်လုံး မီးပျက်သွားတာ။ ထီးချိုင့်လျှပ်စစ်ဌာနကလည်း အခု ၈ ရက်ကျော်အထိ ဘာမှ ပြင်မပေးသေးဘူး” လို့ ပြောပါတယ်။

လျှပ်စစ်မီးမရတာကြောင့် ထီးချိုင့်မြို့နယ်က လျှပ်စစ်နဲ့လည်ပတ်ရတဲ့ အသေးစား စီးပွားရေး လုပ်ငန်းတွေ‌၊ အိမ်သုံးချက်ပြုတ်ရေးလုပ်ငန်တွေနဲ့ ဆက်သွယ်ရေးအတွက် ဖုန်းအားသွင်းဖို့ပါ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်ရဲ့ ၉၈ ရာခိုင်နှုန်းကို NUG အစိုးရရဲ့ရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ မြို့နယ် ပ.က.ဖ တာဝန်ခံက ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။

ထီးချိုင့်မြို့နယ်ထဲက ပြည်သူ့အုပ်ချုပ်ရေး ဆောင်ရွက်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အားအများအပြားနဲ့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကလည်း ပြန်လည်ခုခံလေ့ရှိပေမဲ့ အင်အားမမျှတဲ့ အခြေအနေတွေမှာ နောက်ဆုတ်ပေးခဲ့ရပြီး ကျေးရွာပြည်သူတွေအနေနဲ့ ထွက်ပြေးရလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013