DVB Logo
Home
မြန်မာသတင်း
ဖားကန့် လုံးခင်းတွင် တိုက်ပွဲကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
DVB
·
March 20, 2023
ဖားကန့် လုံးခင်းတွင် တိုက်ပွဲကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ငြိမ်းချမ်းသာယာရွာ ကားကြီးဝင်းအနီး မတ်  ၁၈ ရက်နေ့ ညနေက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံလူမှု ကူညီရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

လုံးခင်းကျေးရွာအနီး စစ်ကောင်စီတပ်တပ်ရဲ့  မျောက်ကုန်းစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်  ငြိမ်းချမ်းသာယာရွာ ကားဝင်အနီးမှာရှိတဲ့ ကလေးငယ် ၁ ဦး၊ အမျိုးသီး ၁ ဦးနဲ့ မျိုးသား ၄ ဦးပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ လူမှုအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေကြား အသက်ရှင်လျက်အသက် ၃ နှစ်လောက်အရွယ် ကလေးငယ် ၁ ဦးကို လူမှုအဖွဲ့တွေက ကယ်ဆယ်ပြီး လက်ရှိ ဖားကန့်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ကူညီပေးနေတဲ့ လူမှုအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကလေး ၁ ယောက်ကတော့ ဖြစ်စဉ်နေရာမှာပဲ ဆုံးသွားတယ်။ တယောက်ကတော့ လက်က ကျေသွားတယ်ဆိုတော့ လက်တဖက် ဖြတ်လိုက်ရတယ်။ အခု ကျနော်တို့ ဆေးရုံမှာ ထိန်းသိမ်းစောင့်လျှောက်ထားတာပေါ့လေ။”

ဖြစ်စဉ်မှာ အဆိုပါ ကလေးငယ်ရဲ့ ဖခင်လည်း သေဆုံးခဲ့ပြီး မိခင်ကတော့ ခေါင်းမှာ ပြင်းထန်ဒဏ်ရာရရှိထားတာကြောင့် ဖားကန့်မှာပဲ လက်ရှိ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“သူ့အဖေတော့ ဆုံးသွားတယ်။ အမေကတော့ ဆေးရုံမှာ ဆေးကုသခံယူနေတယ်။ ကလေးက လက်တဖက် ဖြတ်လိုက်ရတဲ့အခြေအနေရှိတယ်” လို့ ကူညီပေးနေတဲ့ လူမှုအဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါနေ့က ဖြစ်စဉ်အတွင်း ဘယ်အဖွဲ့က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ဖြစ်တယ်ဆိုတာကိုတော့  တိတိကျကျ မသိရသေးပါဘူး။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က မတ် ၁၇ ရက် ညက အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကို ဝင်ရောက်ဖျက်ဆီးပြီး ရုံးစောင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ မတ်လဆန်းကစလို့ စစ်ကောင်စီတပ်က ဒေသခံတွေနဲ့ KIA အမှုထမ်းတွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013