DVB Logo
Home
မြန်မာသတင်း
အလုပ်သမားက တရားစွဲထားသည့် YFA စက်ရုံပိုင်ရှင် တိမ်းရှောင်နေ
DVB
·
March 19, 2023
အလုပ်သမားက တရားစွဲထားသည့် YFA စက်ရုံပိုင်ရှင် တိမ်းရှောင်နေ
Donate to DVB

စက်ရုံလုပ်သားက အလုပ်ခန့်ထားမူဆိုင်ရာ သဘောတူစာချုပ်ချိုးဖောက်လို့ဆိုပြီး တရားစွဲဆိုထားတဲ့ YFA အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားဟာ တရားရင်ဆိုင်ခြင်းမရှိဘဲ တိမ်းရှောင်နေတယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးချိန်း ၅ ချိန်းအထိ ခေါ်ယူထားပြီးဖြစ်ပေမယ့် တရားစွဲဆိုခံရတဲ့ စက်ရုံပိုင်ရှင်ဟာ တကြိမ်မှ လာရောက်ရင်ဆိုင်တာ မရှိခဲ့ဘူးလို့ STUM တာဝန်ရှိသူတဦးက ပြောပါတယ်။

"သူနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိထားရတယ်။ ပြီးခဲ့တဲ့ရုံးချိန်းတုန်းကတော့ မျက်ကွယ်အမိန့်ချပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးက လက်မခံခဲ့ဘူး။"

၅ ကြိမ်မြောက်ရုံးချိန်းကို မတ် ၁၇က ခေါ်ယူခဲ့ပြီး နောက်ထပ် ၆ ကြိမ်မြောက်ရုံးချိန်းကိုတော့ မတ် ၃၁ ရက်မှာ ခေါ်ယူသွားမှာလို့ သိရပါတယ်။

အခုလို တရားစွဲဆိုခံရတဲ့ အလုပ်ရှင်က တိမ်းရှောင်နေတာကြောင့် လာမယ့်ရုံးချိန်မှာတော့ အလုပ်ရှင်အစား YFA ကုမ္ပဏီကို ပြောင်းလဲတရားစွဲဆိုသွားဖို့ ရှိတယ်လို့လည်း STUM တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီစက်ရုံက အလုပ်သမားဖြစ်သူ မအိပိုပိုလိူင်ကို ခွင့်ရက်များယူပြီး အလုပ်ပျက်လို့ဆိုကာ တဖက်သတ်အလုပ်ထုတ်ခဲ့တာကြောင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါအချက်နဲ့ မညီလို့ဆိုကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

YFA စက်ရုံမှာ တခြားအလုပ်သမားတွေကိုလည်း ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခဲ့တဲ့အတွက် အငြင်းပွားမူတွေလည်း ရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013