DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ကျပ် ၂၄၃ သိန်းကျော်တန်ဖိုးရှိ မီးရထားသံလမ်းနှင့်ဆက်စပ်ပစ္စည်းများ ပျောက်ဆုံး
DVB
·
March 19, 2023
ရခိုင်တွင် ကျပ် ၂၄၃ သိန်းကျော်တန်ဖိုးရှိ မီးရထားသံလမ်းနှင့်ဆက်စပ်ပစ္စည်းများ ပျောက်ဆုံး
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျပ်သိန်း ၂၄၃ သိန်းကျော် တန်ဖိုးရှိ မီးရထားသံလမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ပျောက်ဆုံးခဲ့တယ်လို့ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း(စစ်တွေ) တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဘယ်အချိန်ကတည်းက ပျောက်နေတာတော့ မသိဘူး။ သံတွေကလည်း  စျေးကောင်းနေတော့ ရထားသံလမ်းတွေ ဖြုတ်ရောင်းစားလိုက်ကြတာနေမှာပါ။ အားလုံး လမ်းပိုင်း ၃ နေရာက ရထားသံလမ်းနဲ့ ဆက်စပ်ပစ္စည်းများပျောက်ဆုံးသွားတာ၊ အားလုံး ကျပ်သိန်း ၂၄၃ သိန်းကျော် တန်ဖိုးရှိတယ်။" 

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနဲ့ ဂဏန်းတောင်ကျေးရွာကြားက ရထားလမ်းပိုင်း၊ ပုဏ္ဏားကျွန်း နဲ့ အောင်ဖြူပြင်ကျေးရွာကြားက ရထားလမ်းပိုင်း၊ ပုဏ္ဏားကျွန်းနဲ့ ကွမ်းတောင် ကျေးရွာကြားက ရထားလမ်းပိုင်းတွေက ပစ္စည်းတွေ ပျောက်ဆုံးခဲ့တာပါ။

မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း(စစ်တွေ) တာဝန်ရှိသူက "တိုက်ပွဲတွေ မရှိတဲ့အချိန် သွားစစ်မှ သိရတာ။ သံလမ်းပစ္စည်းတွေက လေးလံတော့ သယ်ယူဖို့ ခက်ခဲ ပါလိမ့်မယ်။ အခု ကုန်းလမ်း၊ ရေလမ်းက ဂိတ်တွေကို စနစ်တကျ စစ်ဆေးဖို့ ညွှန်ကြားထားတယ်၊ တခြားနေရာတွေကို မပို့ဆောင်နိုင်သေးဘူး။ ဒေသအတွင်းက မသမာသူတွေက အုပ်စုဖွဲ့ ခိုးယူထားတာဖြစ်နိုင်တယ်" လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ တိုက်ပွဲများ ရပ်တန့်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မီးရထားလမ်းတွေကို စတင်စစ်ဆေးခဲ့ရာမှာ အဆိုပါ မီးရထားလမ်းပိုင်းရှိ သံလမ်းနဲ့ ဆက်စပ် ပစ္စည်းတွေ ပျောက်ဆုံးနေတာကို သိရှိခဲ့ကြရတာပါ။

ယိုးတရုတ်ကျေးရွာနဲ့ ဂဏန်းတောင်ကျေးရွာအကြားမှာ အရှည် ၃၉ ပေရှိ သံလမ်းအချောင်း ၃၀၊ ဂျွိုင်းပတ္တာ၊ မူလီနဲ့ ကလစ်တွေအပါအဝင် ကာလတန်ဖိုးကျပ် ၆၈ သိန်းကျော်၊ အောင်ဖြူပြင်ကျေးရွာနဲ့ ပုဏ္ဏားကျွန်းမြို့အကြားမှာ အရှည် ၃၉ ပေရှိ သံလမ်း ၄၈ ချောင်း၊ ဂျွိုင်းပတ္တာ၊ မူလီ၊ ကလစ်နဲ့ ပျက်စီးနေတဲ့ ကွန်ကရစ်ဇလီဖားတုံးများ အပါအဝင် ကာလတန်ဖိုးကျပ် ၁၂၉ သိန်းကျော်၊ ပုဏ္ဏားကျွန်းနဲ့ ကွမ်းတောင်ကြား မီးရထားလမ်းပိုင်းမှာ အရှည် ၃၉ ပေရှိ သံလမ်း ၂၀ ချောင်း၊ ဂျွိုင်းပတ္တာနဲ့ မူလီများ အပါအဝင် ကာလတန်ဖိုးကျပ် ၄၅ သိန်းကျော် ပျောက်ဆုံးနေ​တာလို့ ရထားအာဏာပိုင်တွေဆီက သိရပါတယ်။

ပျောက်ဆုံးမူအား မြန်မာ့မီးရထား၊ စီမံကိန်းနဲ့ အင်ဂျင်နီယာရုံး မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း (စစ်တွေ) မှ လမ်းဗိုလ် ဦးဇော်ဇော်လင်းက မတ် ၁၃ ရက်မှာ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ဥပဒေပုဒ်မ ၆(၁) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013