DVB Logo
Home
မြန်မာသတင်း
အင်းစိန် ပေါက်တောဝတွင် ရာအိမ်မှူးအပါအဝင် ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
March 19, 2023
အင်းစိန် ပေါက်တောဝတွင် ရာအိမ်မှူးအပါအဝင် ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်မှာ မတ် ၁၈ ရက် ညနေ သုံးနာရီဝန်းကျင်လောက်မှာ ရာအိမ်မှူးနဲ့အဖွဲ့ သေနတ် နဲ့ ပစ်ခတ်ခံရပြီး ရာအိမ်မှူးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနေ့ညနေ သုံးနာရီဝန်းကျင်က ပေါက်တောရပ်ကွက် မာလာမြိုင်လမ်းရှိ အလှမွေးငါးဆိုင်မှာ ရာအိမ်မှူးကျော်ဇောဟိန်းနဲ့အဖွဲ့ကို အမည်မသိသူတွေက ဆိုင်ကယ်နဲ့ လာပစ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ရာအိမ်မှူးလည်းပါတယ်။ ခုနှစ်ယောက် ထိုင်ပြီး စကားပြောနေတဲ့အချိန် အပစ်ခံရတာ အချက်နှစ်ဆယ်နီးပါးလောက်ရှိတယ်၊ သုံးဦးဒဏ်ရာရတယ်။" 

ပစ်ခတ်မှုကြောင့် ရာအိမ်မှူးကျော်ဇော်ဟိန်း၊ ပြည်ဖြိုးအောင်နဲ့ မင်းခန့်ကျော် တို့ ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရာအိမ်မှူးက တဦး၊ ကျန်တဲ့နှစ်ဦးက ရပ်ကွက်ထဲက လူနှစ်ဦး စိုးရိမ်ရတယ်။ ရင်ဘတ်နဲ့ ကျောကုန်းမှန်တာဆိုတော့ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ထားတယ်။" 

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက အခင်းဖြစ်ရာနေရာမှ ကျည်ဆန်အခွံတွေကို ကောက်ယူသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၇ ရက် နေ့လယ်ပိုင်းကလည်း သာကေတမြို့နယ် ဏ ရပ်ကွက် ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးသုံးဦးသေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013