DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် DJ Music Show ပွဲ ပထမဆုံးအကြိမ်ကျင်းပ၊ လူငယ်ထောင်ချီပါဝင်ပျော်ပါး
DVB
·
March 19, 2023
စစ်တွေတွင် DJ Music Show ပွဲ ပထမဆုံးအကြိမ်ကျင်းပ၊ လူငယ်ထောင်ချီပါဝင်ပျော်ပါး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  Akyab Music Festival က ဦးဆောင်ပြီး မတ် ၁၇ ရက် ညက အာရီယန်ခန်းမ မြက်ခင်းပြင်မှာ DJ Music Show ပွဲကိုပထမဆုံးအကြိမ် ကျင်းပရာမှာ လူငယ်ထောင်ချီပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

ပွဲစီစဉ်ရာမှာဦးဆောင်ပါဝင်သူတဦးက "ကျတော်တို့ လူငယ်အပေါင်းအသင်းတွေ စိတ်ရွှင်လန်းစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ စာမေးပွဲ ဖြေပြီးသွားတဲ့အချိန်မှာ သူတို့စာတွေကျက်ခဲ့ရတဲ့အတွက် သူတို့တွေမှာ စိတ်ဖိစီးမှုတွေ အများကြီး ရှိစေနိုင်တယ်ပေါ့နော်။ စားမေးပွဲဖြစ်ပြီးတော့ သူတို့စိတ်တွေ ပေါ့ပါးရွှင်လန်းစေချင်တယ်။ အဲ့ဒါကြောင်အခုလို စည်ကားစွာ ကျင်းပရတာ" လို့ ပြောပါတယ်။

ပဒေဘောင်အတွင်းက ပျော်ရွှင်ကြတာဖြစ်လို့ ဒီလိုကခုန်ပွဲကို ခေတ်ကာလအရလက်ခံနိုင်တယ်လို့ စစ်တွေ မြို့မိမြို့မ တစ်ဦးက ပြောပါတယ်။

"DJ Music နဲ့ပတ်သက်ပြီး ဝါသနာပါတဲ့ လူငယ်တွေစုပေါင်းပြီး ပြုလုပ်ကြတာပေါ့။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာထက် ရှိသင့်တယ်ပေါ့နော်။ မြူးမြူးကြွကြွနဲ့ ဥပဒေဘောင်ထဲမှာ ပျော်ရွှင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် လက်ခံပါတယ်။ အကတွေပါတယ်။ ဒါပေမဲ့ ခိုက်ရန်ဖြစ်ပွါးမှုမရှိဘူး။ တယောက်နဲ့ တယောက်မိတ်ဆွေ သူငယ်တွေလို မြူးထူးကခုန်ကြတာဆိုတောလက်ခံပါတယ်။”

တက္ကသိုလ်ကျောင်းသူရဲ့ ဖခင်တဦးကလည်း "ပျော်စရာကောင်းပါတယ်။ အားလုံး စည်းစည်းလုံးလုံး နဲ့ စိတ်တွေကိုလည်း အပန်းဖြေရာရောက်တယ်ပေါ့။ ကလေးတွေပျော်ရွှင်တာမြင်ရ လို့ စိတ်တွေမြူးကြွလာတယ်။ စိတ်ညစ်တာတွေပြေပျောက်သွားတယ်။ ရခိုင်ယဥ်ကျေးမှုကတော့  စောင့်ထိန်းရမယ့် အပိုင်းတစ်ပိုင်းပေါ့နော်။ အခုလို ပျော်ပွဲရွှင်ပွဲဆိုတာက တခါတလေမှပြု လုပ်ရတာဆိုတော အားလုံးနားလည် ပေးသင့်ပါတယ်။" လို့ ဆိုပါတယ်။

ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နဲ့  အေအေတို့ နှစ်ဖက်အပစ်အခတ်ရပ်ပြီးနောက် ရခိုင်ဒေသရှိနေရာစုံမှာ  ပျော်ပွဲရွှင်ပွဲတွေကို စစ်ကောင်စီက ဒေသအလိုက် ပြုလုပ်လာနေကြတာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက ရွာသားတွေကို လေကြောင်းနဲ့ဗုံးကြဲ၊ ရွာမီးရှို့၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်တာကြောင့် ရွာသားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရ၊ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013