DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်နှင့် မတ္တရာမြိုနယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 18, 2023
ပေါင်းတည်နှင့် မတ္တရာမြိုနယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရှေ့ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ပါ စစ်လှေနှစ်စီးကို မတ် ၁၇ ရက် မနက် ၉ လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  ရှေ့ထွက်မိုင်းကြီး ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၆၀၂ TPDF တပ်ခွဲ ၄၊ တပ်စု ၆၊ တပ်စိပ် ၁၆၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၄ ပူးပေါင်းမဟာမိတ်အဖွဲ့တို့ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃၆၀၂ TPDF တပ်ခွဲ ၄ တပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ  နတ်တလင်းမြို့နယ်၊ မကျီးပင်ဆည်ဘက်မှ ပဲခူးရိုးမပေါ်ကို မတ် ၁၀ ရက်က စတင်စစ်ကြောင်းထိုးလာပြီး နတ်တလင်းဗိုလ်ကြီးစခန်းမှ ရိုးမတောင်ခြေအတိုင်း ကြက်မနက်ရွာ၊ ဆင်ဆွဲကျေးရွာတွေကိုဖြတ်ပြီး ပေါင်းတည်မြို့နယ်၊ ငါးရှဥ့်ကွင်းကျေးရွာမှာ ယာယီစခန်းချပြီး သိမ်ကုန်းတာဝါတိုင်းကနေ ဝဲကြီးဆည် အထက်ပြင်ကြီးကျေးရွာ စက်လှေဂိတ်ကို ထွက်ခွာလာတာလို့ ဆိုပါတယ်။

စက်လှေ ၂ စီးကို ကြို့ကုန်းတောင်ပေါ်အုပ်စု၊ ထန်းကုန်းကျေးရွာနဲ့ ခြေပင်ကျေးရွာအကြား ရေလမ်းကြောင်းမှာ ပိတ်ဆို့ပြီး ရှေ့ထွက်မိုင်းကြီး ၄ လုံးနဲ့ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့သလို အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TPDF တပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

ပြည်သူကို ညှဥ်းပန်းနှိပ်စက်သတ်ဖြတ် ပြည်သူ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှေ့ဆက်တိုက်ခိုက်သွားမှာဖြစ်ပြီး လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေအတွက် ပြည်သူတွေ တတ်နိုင်သမျှလှူဒါန်းကူညီပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်တွန်းထားပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ကျေးရွာတချို့အား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၇ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ပြောပါတယ်။

အိုင့်ဒိုင်ကျေးရွာ၊ မယ်ဇလီချောင်ကျေးရွာနဲ့ ရွှေခဲပြန်ကျေးရွာတွေကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက် ၁၀ နာရီက​ စတင် တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

“လက်နက်ကြီးနဲ့ တနေကုန်ပစ်တာ။ သူတို့ဘက်က ၆ လုံးလောက် ပြန်ပစ်တယ်။ ကျနော်တို့ဘက် တလုံးကျလုံး ၂ ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။”

တိုက်ပွဲနှစ်နာရီကြာဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရ သူတွေကို စစ်ကောင်စီတပ်က အနီးနားဆေးရုံတွေမှာ ကုသ​နေသလို မော်တော်နဲ့ တင်ဆောင်သွားတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ခြေထောက်ကျည်ထိ အရိုးအက်သွားတဲ့ ရဲဘော်နဲ့ ပေါင် ကျည်ထိသွားတဲ့ ဗိုလ်ကျားကြီးတို့ ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013