DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်ကားတက္ကစီ တလ အခမဲ့စီးနင်း ခွင့်ပေးမည်
DVB
·
March 18, 2023
ရန်ကုန်တွင် လျှပ်စစ်ကားတက္ကစီ တလ အခမဲ့စီးနင်း ခွင့်ပေးမည်
Donate to DVB

ရန်ကုန်မြို့မှာ လျှပ်စစ်တက္ကစီကားကို အခမဲ့စီးနိုင်ဖို့ MyanTickets မှာ စာရင်းသွင်းပြီး အခွင့်အရေးကို ရယူနိုင်မှာဖြစ်တယ်လို့ EV Myanmar Group က ကြေညာထားပါတယ်။

myantickets.com ဝက်ဆိုက်မှာ စာရင်းသွင်းထားပါက လျှပ်စစ်တက္ကစီကားကို  မတ် ၁၃ ရက်ကနေ ဧပြီ ၁၄ ရက်အထိ အခမဲ့စီးနှင်ခွင့်ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

MyanTickets ဟာ အီးဗီမြန်မာအုပ်စုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး အွန်လိုင်းမှ လက်မှတ်မျိုးစုံ ရောင်းချပေးတဲ့ အပလီကေးရှင်းဖြစ်ကာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ လက်မှတ်မျိုးစုံကို ဝယ်ယူနိုင်တဲ့ အပလီကေးရှင်း တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင်က  လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေပြေးဆွဲဖို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုများစွာရှိခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မှာတော့  စစ်ကောင်စီက လျှပ်စစ်မော်တော်ယာဥ် အစီး ၄၀ ကို  တရုတ်နိုင်ငံကနေ စတင် တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်မော်တော်ယာဉ်တွေအတွက် အမြန်အားသွင်းနေရာ EV Fast Charging Station တွေကို နေပြည်တော်နဲ့ ရန်ကုန် လှိုင်မြို့နယ်သီရိမင်္ဂလာဈေး၊ ယာဉ်ရပ်နားရန်နေရာ၊၊ အလုံမြို့နယ် သခင်မြပန်းခြံရှေ့၊ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်  ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်းခုံးကျော် တံတားဘေးနေရာတွေမှာ တည်ဆောက်နေပါတယ်။

လျှပ်စစ်မော်တော်ယာဉ်တွေအတွက် Charging Station တွေတည်ဆောက်ပြီး အဲဒီStation တွေအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမယ်လို့ စက်မှုဝန်ကြီးဌာနက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013