DVB Logo
Home
မြန်မာသတင်း
နေပြည်တော်နှင့် ရန်ကုန်တွင် ကျပ်သိန်းပေါင်း ၂ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ 
DVB
·
July 18, 2026
Photo : CCDAC-MYANMAR 
Photo : CCDAC-MYANMAR 
Donate to DVB

နေပြည်တော်၊ လယ်ဝေးနဲ့ ရန်ကုန်၊ ဒလမြို့နယ်တို့ကနေ ကျပ်သိန်းပေါင်း ၂ သိန်းကျော် တန်ဖိုး ရှိတဲ့ အိုက်စ်(မက်သာဖက်တမင်း) စိတ်ကြွရူးသွပ်ဆေးဝါးတွေ ဖမ်းမိခဲ့ပြီး အဓိက စီမံခန့်ခွဲသူကို တော့ မမိဘူးလို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့(CCDAC) က ဇူလိုင် ၁၇ ရက် ညမှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၆ ရက် ည ၁၀ နာရီခွဲ အချိန်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးရွာနားမှာ ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာတဲ့ GOVZCT ကားပေါ်ကနေ အိုက်စ် ၅၀၀ ကီလို (ဒေသတန်ဖိုး ငွေကျပ် သိန်း ၁၂၅,၀၀၀)ကို သတင်းအရ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ အိုက်စ်တွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်း ပါဝင်သူတွေဖြစ်တဲ့ ဇေယျာလင်းနဲ့ ထွေးမင်းဇော်တို့ကို မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းဆုံမှာ ဇူလိုင် ၇ ရက်ညက ဖမ်းမိတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၈ ရက် မနက်မှာလည်း မျိုးသန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း )မြို့နယ်မှာ ဖမ်းမိခဲ့ပြီး သူတို့ရဲ့ ဖော်ထုတ်ချက်အရ အဲဒီနေ့မှာပဲ ဝေထွန်း ပိုင်ဆိုင်တဲ့ မိဘမေတ္တာ (၁) စက်လှေကို ဒလမြို့၊ မှော်စက်ရပ်ကွက်၊ ရန်ကုန်မြစ်ကမ်းမှာ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့နဲ့အတူ အိုက်စ် ၃၁၀ ကီလို (ဒေသတန်ဖိုးငွေကျပ် သိန်း ၇၇,၅၀၀ ကျော်) ကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကွင်းဆက်ဖော်ထုတ်ချက်အရ အိုက်စ်တွေကို ပင်လယ်ပြင်သယ်ဆောင်ရာမှာ ပူးပေါင်း ပါဝင်သူ ကျော်ဦးကို ကွမ်းခြံကုန်းမြို့နယ်မှာ၊ ရာဇာဟိန်းကို ဗိုလ်တထောင်မြို့နယ်မှာ ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ အိုက်စ်တွေကို ရှမ်းပြည်နယ် မြောက်ပိုင်းကနေ ရန်ကုန်ကို တာဝန်ခံသယ်ဆောင်တာက လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ရန်ကြားရှော (ခ) ရန်ကုလားဖြစ်ပြီး ရန်ကုန်ကနေ ပင်လယ်ပြင်ကို တင်ပို့ရာမှာ အဓိက စီမံခန့်ခွဲသူ က မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ ဝီလျံထွန်းကုမ္ပဏီပိုင်ရှင် ဝေထွန်း ဖြစ်တယ်လို့ဆိုပြီး သူတို့ကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။

ဝီလျံထွန်းကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်တွေကိုလည်း ပူးပေါင်းပါဝင်တယ်လို့ဆိုပြီး အဲဒီထဲက တာမွေမြို့နယ်နေ ရာဇာဟိန်း (ခ) ရာဇာ၊ မြောက်ဒဂုံမြို့နယ်နေ မျိုးသန်းတို့ကို ဖမ်းမိထားပေမဲ့ ဒေါပုံမြို့နယ်နေ မြတ်သူကိုတော့ မမိသေးဘူးလို့ ဆိုပါတယ်။

ပုံမှန်အားဖြင့်တော့ ပမာဏများတဲ့ ဖမ်းဆီးရမိမှုတွေမှာ အဓိက တာဝန်ရှိသူတွေကို ဖမ်းလို့ရအောင် သတင်းကို နောက်ကျမှ ထုတ်ပြန်လေ့ရှိပြီး အခုအမှုမှတော့ ၁၁ ရက် ကြာပြီဖြစ်ပေမဲ့ ထုံးစံအတိုင်း အဓိကလူတွေကို မမိသေးတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013