DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၃၃ ဦးတင်လာသည့်ကား ဘီးပေါက်ပြီး အားလုံး အဖမ်းခံရ
DVB
·
March 17, 2023
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၃၃ ဦးတင်လာသည့်ကား ဘီးပေါက်ပြီး အားလုံး အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်ထဲမှာ  မတ်လ ၁၆ ရက် မနက်စောစောက တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ကား တစီးလမ်းခုလပ်မှာ ဘီးပေါက်သွားလို့ ရပ်နားစဉ် တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ကားပေါ်က မြန်မာ ၃၃ ဦးလုံးအဖမ်းခံလိုက်ရတယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက် ၃ နာရီခွဲလောက်က ကန်ကျနပူရီမြို့နယ် ကန်ကျနပူရီ - ဆိုင်းယုဒ်သွား ကားလမ်းမကြီးတနေရာ ကိန်ဆင့်အုပ်စုထဲမှာ ကားဘီးပေါက်နေတဲ့ အဖြူရောင်မစ်ဆူဘီရှီကား တစီးကို ရွာသားတွေကတွေ့ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ပါတယ်။ 

အုပ်ချုပ်ရေးမှူးက ကျေးရွာလုံခြုံရေးအဖွဲ့နဲ့အတူ လာရောက်စစ်ဆေးရာမှာတော့ ကားမောင်းသူကို မတွေ့ရကြောင်း၊ ကားနောက်ခန်းမှာ အလုံပိတ်ခန်းလိုပြင်ဆင်မွမ်းမံထားပြီး တာဝန်ရှိသူတွေက တံခါးဖွင့်စစ်ဆေးရာမှာ အထဲမှာလူတွေပိတ်ညှပ်တင်ဆောင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ မြန်မာနိုင်ငံသား အမျိုးသားရော အမျိုးသမီးပါ စုစုပေါင်း ၃၃ ဦးရှိပြီး ထိုင်းနိုင်ငံထဲကို တောလမ်းကနေခြေကျင်လျှောက်ပြီး ဝင်ရောက်လာကြောင်း၊ တောစပ်တနေရာမှာ ထိုင်းလူမျိုးတယောက်ကကားနဲ့လာကြိုပြီး လိုက်ခဲ့ရာမှာ တစ်နေရာမှာ စစ်ဆေးရေးဂိတ်တွေ့တာနဲ့ ကားကိုနောက်ပြန်လှည့်ပြီး ၂ ကီလိုမီတာလောက် မောင်းနှင်လာစဉ် ကားရဲ့ ဘယ်ဘက်နောက်ဘီးပေါက်သွားလို့ ရပ်နား ထားစဉ် အခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

ကားမောင်းသမားကတော့ အမှောင်ထဲမှာ ထွက်ပြေးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ 

ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေကိုတော့ တာဝန်ရှိသူတွေက လဝကဥပဒေနဲ့ အရေးယူဖို့ ကန်ကျနပူရီမြို့မရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Source - https://siamrath.co.th/n/431061

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013