DVB Logo
Home
Lead Story
လူလိမ်သူခိုး အာဏာရှင်မျိုး တွန်းလှန် တိုက်ထုတ် အမြစ်ဖြုတ်
DVB
·
March 16, 2023
လူလိမ်သူခိုး အာဏာရှင်မျိုး တွန်းလှန် တိုက်ထုတ် အမြစ်ဖြုတ်
Donate to DVB

နိုင်ငံတော်ပိုင် ပြည်သူပိုင် သယံဇာတတွေကို သူ့ပထွေး အမွေပေးထားတဲ့အတိုင်း လိမ်ယူတယ်၊ ခိုးယူတယ်၊ ခိုးထုတ် ခိုးထည်နဲ့ လက်ပူးလက်ကြပ်မိလည်း အရှက်တရားမဲ့မျက်နှာနဲ့ လိမ်တယ်၊ လက်အောက်ငယ်သားကို လိမ်တယ်၊ ပြည်သူကို လိမ်တယ်၊ နိုင်ငံတကာကို လိမ်တယ်၊ နောက်ဆုံး ကိုယ့်ဇနီး ကိုယ့်သားသမီးကိုပါ လိမ်ကြတဲ့ သူခိုးလူလိမ်တွေ ဖြစ်တယ်။

‌တခြားမကြည့်နဲ့၊ ကိုယ့်မိန်းမကို သေဖော်သေဖက်အဖြစ် အနားကို မရရအောင် ဘွဲ့ပေးပြီး ဆွဲကပ်ထားလိုက်တယ်။ မြန်မာလူမျိုးများ သောက်ကျင့်ကလည်း ထန်းရည်လေးတိုက် ပဲကြီးလှော်လေးကျွေးပြီး မြှောက်ပေးရင် ဂွေးတက်အောင် ကကြတာပဲ။ ဆံထုံးလည်းဘွဲ့ပေး၊ ကတုံးလည်း ဘွဲ့ပေး၊ ဗုံးပေါလအောဘွဲ့တွေ လိမ်ညာပေးပြီး သေဖော်သေဖက်ညှိတာ အဟုတ်မှတ်ပြီး ချိုကြွတဲ့ ဂတုံးကလည်း ရှိသေးတယ်။

အချင်းချင်းအပေါ်တောင် ကလိမ်ကကျစ်နဲ့ လိမ်မှတော့ ပြည်သူလူထုအပေါ်မှာ လိမ်ညာကောက်ကျစ်တာ သူတို့အဖို့ ထမင်းစား ရေသောက်သလောက်ပါပဲ။ ဂျပိုးကို လိပ်ဖြစ်အောင် လိမ်တယ်။ လက်ယက်ကုန်း စာသင်ကျောင်းက ကလေးတွေကို လေယာဉ်နဲ့ပစ်တာလည်း PDF တွေကိုပစ်တာလို့ လိမ်တယ်။ သူတို့က လူသတ်မီးရှို့ပြီး PDF တွေက လုပ်တာပါလို့ လိမ်တယ်။ သူတို့လိမ်တာ ရေးရမယ်ဆို ရေးလို့ကုန်မှာတောင် မဟုတ်ပါဘူး။ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ထားတာကို သက်သေအပြည့်အစုံနဲ့ ပြည်သူလူထုက သူတို့လုပ်တာပါလို့ပြောလည်း ဗြောင်လိမ် ဗြောင်ငြင်းတယ်။ ယုတ်စွအဆုံး သူတို့လက်အောက်ခံ အသေခံပေးနေတဲ့ ငယ်သားတွေရဲ့ မိသားစုတွေ အပေါ်တောင် ရက်ရက်စက်စက် လိမ်ညာခိုင်း‌စေတယ်။ ဒီလောက် ယုတ်မာ ရက်စက် လိမ်ညာနေတဲ့အုပ်စုကို ပြည်သူတွေက ဒီလိုအချိန်မှာ ငြိမ်မခံနိုင်ကြတော့တဲ့အတွက် ရရာလက်နက်ဆွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက်ကြတာပဲဖြစ်တယ်။

ပြည်သူ့ချွေးနှဲစာ ပြည်သူ့ခွန်အားနဲ့ ရှာဖွေစုဆောင်းထားသမျှ မတရားသဖြင့် လုယက်ခိုးယူတယ်၊ တိုက်ယူတယ်။ နိုင်ငံတော်ကပိုင်တဲ့ ရေမြေတောတောင်တွေ၊ ရေပေါ်ရေအောက် မြေပေါ်မြေအောက်က သယံဇာတတွေကို သူတို့အုပ်စု၊ သူတို့မိသားစု ကြီးပွားချမ်းသာရေးအတွက် မတရားသဖြင့်နည်းနဲ့ ခိုးယူတယ်။ ဒီလို လူလိမ်အကြီးစား၊ သူခိုးအကြီးစားတွေက ခိုးလို့မရတော့မှာ၊ လိမ်လို့မရတော့မှာ‌ သေလောက်အောင် ကြောက်ကြတယ်။

၂၀၂၁ ခုနှစ်အလွန်ဆိုရင် သူတို့တတွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်အာဏာတွေ အားလုံး စွန့်လွှတ်ရတော့မှာ။ ဒါကိုသိတော့ နားလည်တတ်သိ ပညာရှင် လူတော်လူကောင်းတွေ ပညာတတ်တွေကို ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချ သတ်ဖြတ်ပစ်လိုက်ကြတယ်။

အာဏာရှင် စစ်အုပ်စုတွေ အကြောက်ဆုံးက ကျောင်းသားလူငယ်တွေပဲဖြစ်တယ်။ ဒါကြောင့် ကျောင်းသားလူငယ်တွေရဲ့ အတွေးအခေါ် အရည်အချင်းတွေ ဖွံ့ဖြိုးရှင်သန်မလာအောင် ဒါရေး ဒါဖတ် ဒါကျက် ကျက်ပညာရေးနဲ့ သံချေးတက်အောင် လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းသားလူငယ်တွေရဲ့ သိလိုစိတ် တတ်လိုစိတ် ထိုးထွင်းကြံဆမှု ယှဉ်ပြိုင်ရင်ဆိုင်လိုမှုတွေက တနေ့ထက်တနေ့ မြင့်တက်လာခဲ့တယ်။

တခေတ်နဲ့တခေတ်မှာ မတူတော့ဘဲ အင်တာနေရှင်နယ် ဂလိုဘယ်လိုက်ဇေးရှင်းကို မြည်စမ်းခွင့် တီးခေါက်ခွင့်တွေ ရပြီးခဲ့ကြတဲ့နောက် အဲ့ဒီမှာ ကိုယ့်နိုင်ငံရဲ့ လက်ရှိ ပစ္စုပ္ပန်အခြေအနေ၊ ပြည်ပနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှုတွေ သိမြင်တတ်မြောက်မှုတွေက မိုးနဲ့မြေလို ကွာခြားနေပြီဆိုတာ သိမြင်ခဲ့ကြတယ်။

အဲ့ဒီတော့ လူငယ်တွေ ဘာလုပ်ကြမလဲ၊ အရာရာနိမ့်ကျနေတဲ့ ကိုယ်နေထိုင်ရာ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ချင်ကြတယ်၊ လူပီသစွာ လူလိုနေထိုင်ချင်ကြတယ်။ အဲ့ဒီလိုဘဝရဖို့ အဲ့ဒီလိုနေထိုင်နိုင်ကြဖို့ ကိုယ် အရင့်အရင်က တော်လှန်ရေးအခြေအနေတွေ ဖြစ်စဉ်တွေ ပြန်လည် ခြုံငုံသုံးသပ်ခဲ့ကြတယ်။ အဲ့ဒီထဲကမှ ဒီနေ့ ဒီအချိန် တော်လှန်ရေးမှာ “၈၈ ကအချိုးတွေ ၂၁ မှာ လာမချိုးနဲ့” ဆိုပြီး စတင်ကြွေးကြော်ခဲ့ကြတယ်။ တကယ်ပဲ ၈၈ ကအချိုးမျိုး စစ်တပ်က နွေဦးတော်လှန်ရေးမှာ ချိုးလို့မရခဲ့ပါဘူး။ အာဏာရှင်စစ်အုပ်စုက ဖမ်းပြ သတ်ပြလေ ‌လူငယ်တွေက ရှေ့ကိုပိုတိုးလေနဲ့ တဖြည်းဖည်း တိုးရင်းတိုးရင်း စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မယ့် အနေအထားထိ ထိကပ်လာပြီဖြစ်တယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးဟာ တစတစနဲ့ တော်လှန်သရုပ်ပီပြင်စွာ ပေါ်ထွက်လာခဲ့တယ်။ လူလိမ်တွေ၊ သူခိုးတွေ၊ အာဏာရူးတွေကို တွန်းလှန်တိုက်ခိုက်နေကြတာ ဖြစ်တဲ့အတွက် အဲ့ဒီလိုလူတန်းစားတွေကို အပြီးတိုင် မောင်းထုတ်ကြဖို့လည်း ပြည်သူနဲ့ တော်လှန်လူငယ်တွေ ကြံ့ကြံ့ခံရင်ဆိုင်ရင်း လက်တွဲညီညီ လျှောက်လှမ်းခဲ့ကြတာ ဒီနေ့ ဒီအချိန်မှာ ပန်းတိုင်ဆီ ရောက်လုနီးခဲ့ပါပြီ။ အာဏာရှင်ရှိနေသရွေ့ တော်လှန်ရေးက ရှိနေမှာဖြစ်ပါတယ် ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013