Home
မြန်မာသတင်း
မြိတ်မြို့တွင် ဘုရားမုခ်ဦးကို ကားတိုက်မိပြီး မုခ်ဦးပြိုကျကာ ယာဉ်မောင်းသေဆုံး
DVB
·
March 15, 2023
335086490_779695073727302_3258543429080648869_n

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှာ မတ် ၁၃ ရက် ညနေ ၄ နာရီလောက်က ရှင်ကဇိန်ဘုရားမုခ်ဦးကို မြေတင်ကားမောင်းသမားတဦးက တိုက်မိပြီး မုခ်ဦးပြိုကျကာ ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ ကိုငြိမ်းချမ်းအောင် ဖြစ်ပြီး ကျွန်းစုမြို့နယ်၊ ကတ္တလူရွာသားတဦးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ရှင်ကဇိန်ကျောင်း အဝင်မုခ်ပေါက်ကို မြေသယ်ကားက မြေလောင်းပြီး အနောက်ကခွက်ကို ပြန်မချဘဲ ဖြတ်ထွက်တော့ အပေါ်မုခ်တန်းနဲ့ တိုက်မိတာပါ။ အဲနောက် မုခ်ပေါက်ပြိုကျကာ ကားမောင်းသူအပေါ် ဖိမိပြီး သေတာပါ။ ကားမောင်းသူက ကတ္တလူရွာသားလို့ သိရပါတယ်” လို့ ပြောပါတယ်။

အဲဒီမြေသယ်ကားမှာ ကျောက်ဖျာရွာ မြို့သစ်စီမံကိန်း လမ်းကွန်ကရစ်ခင်း (၁ ဒသမ ၂/၈ မိုင်) ဖို့ လာရောက်တဲ့ မြေသယ်ကား ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ နယ်မြေရဲစခန်း တာဝန်ရှိသူတွေက ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024