DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတိုက်ပွဲတွင် စစ်​ကောင်စီတပ်က စစ်​ကြောင်းမှူးအပါအဝင် ၁၉ ဦး​သေဆုံး၊ စစ်သုံ့ပန်း ၆ ဦး ဖမ်းရမိ
DVB
·
March 14, 2023
ဖယ်ခုံတိုက်ပွဲတွင် စစ်​ကောင်စီတပ်က  စစ်​ကြောင်းမှူးအပါအဝင် ၁၉ ဦး​သေဆုံး၊ စစ်သုံ့ပန်း ၆ ဦး ဖမ်းရမိ
Donate to DVB

ရှမ်းကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်​​ကြောင်းမှူးအပါအဝင် ၁၉ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းဆီးရမိသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။

မတ်လ ၁၁ ရက်မနက်အစောပိုင်းက ကုရင်ကျေးရွာအုပ်စုတောင်ကြားကို စစ်ကောင်စီတပ်တွေ ရောက်ရှိနေတယ်လို့ သတင်းရလို့  ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ မဟာမိတ်အင်အားစုတွေ တောနင်းရှာဖွေခဲ့ပြီး မနက် ၁၀ နာရီခွဲမှာ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဖယ်ခုံမြို့ရှိ စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီးပစ်ကူပေးနေတာကြောင့် ခက်ခက်ခဲခဲ တိုက်ဆင်စစ်ခဲ့ရပြီး ညနေ ၅  နာရီလောက်မှာ စစ်ကောင်စီဘက်က အထိနာကာ ထွက်ပြေးမှုတွေရှိခဲ့ပြီး ထိုနေ့အတွင်း စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းဆီးရမိသလို PDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရှိတယ်လို့  ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၁၂ ရက်မှာ ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ ကရင်နီတပ်ပေါင်းစုက တိုက်ပွဲ ဖြစ်ရာနေရာတွေမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် တပ်သား အလောင်း ၁၉ လောင်းနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိမိတယ်လို့ဆိုပါတယ်။

ည သန်းခေါင်အချိန်တွင် တောလမ်းတစ်နေရာမှာ ကင်းထောက်ချထားတဲ့ PDF တပ်ဖွဲ့တွေနဲ့ တပ်ဆုတ်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားကာ ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ၂ ဦး ကျဆုံးသွား တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ  အာပီဂျီ  ၂ လက်၊၆၀ မမ စိန်ပြောင်း ၁ လက်၊ကွန်မဒိုပြောင်း ၂ လက်၊MA 1-၊MA2၊ MA-3 ၇ လက်၊စနိုက်ပါ ၁ လက်၊ 9mm ၁ လက်၊ ငါကြင်းမီး ၁ လက်၊ အထိုင်စက် ၂ လုံး၊ ကျည်ဘောက် ၃၀ ခု၊ လက်ပစ်ဗုံး ၁၀ လုံး၊ နင်းမိုင်း ၁၀ လုံး၊ အီနာဂါ ၂၀ လုံး ၊ အာပီဂျီအသီး အလုံး ၃၀ ၊ ၅.၅၆ကျည် ၃ ထောင် ၊AKကျည် ၅၀၀ နဲ့ ငါးကြင်းမီးကျည် ၁၅၀၀ ကို သိမ်းဆည်းရရှိခဲ့တာပါ။ 

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။  ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲမှာ ပြည်သူ့အားနဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်း ဆက်လက်ပံ့ပိုးပေးကြဖို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ​တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013