
ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ မတ် ၁၂ ရက်က ဟင်းသီးဟင်းရွက်တင်လာတဲ့ကားထဲ ပုန်းအောင်းလိုက်လာတဲ့ တရားမဝင် မြန်မာ ၁၃ ဦး ဖမ်းဆီးခံရတယ်လို့ သနေးရှင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆုဖန်းပူးရီးခရိုင် အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့က ဘန်ပလာမာ့မြို့နယ် ဆာလီရပ်ကွက်တွင်းရှိ ဘန်ကောက်သွားလမ်းမကြီးပေါ် စစ်ဆေးရေးဆောင်ရွက်နေစဉ် ဟင်းသီးဟင်းရွက်တွေတင်လာတဲ့ အဖြူရောင်တိုယိုတာဟိုင်းလပ်ကား ၁ စီးဝင်ရောက်လာကြောင်း၊ အဆိုပါကားမှာ အရှေ့ရော အနောက်မှာပါ နံပါတ်ပြား မတပ်ထားတဲ့အတွက် စစ်ဆေးဖို့ ရပ်မိန့်ပေးပေမဲ့ ရပ်မပေးတဲ့အပြင် အရှိန်မြှင့်မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
ရဲတွေက အဲဒီကားနောက်လိုက်ဖမ်းရာမှာ ၄ ကီလိုအကွာလောက်မှာ လိုက်မှီလာကြောင်း၊ ယာဉ်မောင်းကတော့ အသက် ၃၁ နှစ်ရွယ် နိုင်းပဆစ် ရှဲ့ကျန်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ကားနောက်ခန်းက မိုးကာကိုဖွင့်ကြည့်ပြီး အသီးအနှံတွေကို စစ်ဆေးရာမှာ တရားမဝင်မြန်မာ ၁၃ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၄ ဦး) လိုက်ပါလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကားသမားက သူဟာ အဆိုပါအလုပ်သမားတွေကို တာ့ခ်မြို့နယ် နောင်ဘိုတိုက်ဘက်ကနေ ခေါ်ဆောင်လာခဲ့ကြောင်ေ၊ ပွဲစားက သူတို့ကို ၁ ဦးလျှင် ဘတ် ၂၀၀၀ ပေးပြီး ဘန်ကောက်အရောက်ပို့ပေးဖို့ ဆက်သွယ်ခဲ့တာကြောင့် ခေါ်လာတာလို့ ပြောပါတယ။
ဒီမတိုင်ခင်ကလည်း တရားမဝင်လုပ်သား ၁ ဦးလျှင် ဘတ် ၁၀၀၀ နှုန်းနဲ့ ဘန်ကောက်ကို ပို့ပေးခဲ့ဖူးကြောင်း ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝက ဥပဒေအရအရေးယူဖို့အတွက် ဘန်ပလာမာ့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။
Ref-Nation TV