DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီရရှိရေး CRPH ဥက္ကဋ္ဌနှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံ ဆွေးနွေး
DVB
·
March 13, 2023
နိုင်ငံတကာအကူအညီရရှိရေး CRPH ဥက္ကဋ္ဌနှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံ ဆွေးနွေး
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမြို့ကို အလုပ်သဘောသွားရောက်ပြီး  အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရက်ခ်ချောလက်အပါအဝင် အမေရိကန်တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး နိုင်ငံတကာ အကူအညီတွေရရှိရေး ဆွေးနွေးခဲ့တယ်လို့ (CRPH) ကသတင်းထုတ်ပြန်ပါတယ်။

မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ခရီးစဉ်အတွင်းမှာ CRPH ခေါင်းဆောင် ဦးအောင်ကြည်ညွန့်ဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်အစိုးရနဲ့ အမေရိကန်နိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းတွေထံက  ထိရောက်တဲ့ ပံ့ပိုးကူညီတွေရရှိရေးနဲ့ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုတွေ  တိုးမြှင့်လုပ်ဆောင်နိုင်ရေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

(CRPH) ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်နဲ့တွေ့ဆုံရာမှာ မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ အကြောင်းနဲ့ ဘားမားအက်ဥပဒေကို အကောင်အထည်ဖော်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒဲရက်ခ်ချောလက်ကလည်း သတင်းထုတ်ပြန်ပြောပါတယ်။ 

ဒီခရီးစဉ်အတွင်း အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင်တွေ၊  အထက်လွှတ်တော်အမတ် ခရစ္စဗန်ဟော်လန်၊ National Democratic Institute (NDI) ၊ National Endowment for Democracy (NED) အဖွဲ့တွေအပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒီတွေ့ဆုံပွဲကနေ နိုင်ငံတကာအကူအညီတွေ ဘာတွေရအောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။ 

ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မြို့တော်ဝါရှင်တန်ဒီစီမှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာနရုံးကို ဖွင့်လှစ်ရာမှာလည်း ဦးအောင်ကြည်ညွန့်တက်ရောက်ခဲ့ပါတယ်။

CRPH/NUG ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း သြစတြေးလျနိုင်ငံ၊ နော်ဝေနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုသွားရောက်ပြီး  သက်ဆိုင်ရာနိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံကာ  အာဏာသိမ်း မြန်မာအကြမ်းဖက်စစ်တပ်ရဲ့  ဝင်ငွေလမ်းကြောင်း တွေကို ပိတ်ဆို့ဖို့ကိစ္စ၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးပြီး အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

Photo- Derek Chollet

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013