DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ဓားခုတ်မှုဖြစ်ပြီး လူ ၃ ဦးဒဏ်ရာရ
DVB
·
March 13, 2023
ပြည်မြို့တွင် ဓားခုတ်မှုဖြစ်ပြီး လူ ၃ ဦးဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့၊ ကိုးသောင်းပဒေသာရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းက နေအိမ်တအိမ်ှာ မတ် ၁၂ ရက် မနက်အစောပိုင်းက ဓားခုတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၃ ယောက် ပြတ်ရှ ဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ ပြည်အခြေစိုက်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ 

မတ် ၁၁ ရက်ညပိုင်းမှာ အခင်းဖြစ်နေအိမ်က အသက် ၂၀ အရွယ် လူငယ် အမျိုးသားဟာ သူငယ်ချင်း ဖြစ်သူနဲ့အတူ အရက်သွားသောက်ကြတာဖြစ်ပြီး မတ် ၁၂ ရက် မနက် ၁ နာရီ မထိုးခင် နေအိမ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။

မနက် ၁ နာရီလောက်မှာ အရက်သောက်ဖက် သူငယ်ချင်း အမျိုးသားက အဖော်အမျိုးသား တ ယောက်နဲ့အတူ ဓားကိုင်လာပြီး အိမ်၊ ဆိုင်ကယ် ၂ စီးနဲ့  မိသားစုဝင် ၃ ယောက်ကို ဓားနဲ့ ခုတ်ခဲ့ တာပါ။ 

ပြည်မြို့လူမှုကူညီရေးအသင်းဝင် တဦးက  "သူငယ်ချင်းတွေ အရက်သောက်ပြီး အချင်းချင်း ရန်ဖြစ် ကြတယ်လို့ ပြောတယ်။ ‌ကောင်လေးက ညပိုင်းက သူ့သူငယ်ချင်းတွေနဲ့ သွားသောက်တာ။ နောက်ပြီး သူ ပြန်လာတယ်။ သိပ်မကြာဘူး။ ဟိုဘက်က ဓားကိုင်ပြီး လာခုတ်တာ။ အစ်မတွေက ကြားက ဝင်ဆွဲတော့ သူတို့က ပါးနဲ့ ခေါင်းမှာ ဓားဒဏ်ရာတွေ ရသွားတယ်။ ရဲစခန်းက ခုတ်တဲ့ သူတွေ ကို ဖမ်းမိသွားပါပြီ " လို့ ဆိုပါတယ်။ 

အခင်းဖြစ်နေအိမ်မှာ ‌ဖခင်ဖြစ်သူအပါအဝင် အသက် ၂၅ နှစ်အရွယ်အစ်မ ၂ ယောက်နဲ့ လူငယ် အမျိုးသားတို့ နေထိုင်တာဖြစ်ပြီး ဓားခုတ်ခံရလို့ အစ်မဖြစ်သူတွေမှာ မျက်နှာပြတ်ရှ၊ လက်ချောင်းပြတ်ရှ၊ ခေါင်းထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး လူငယ်အမျိုးသားနဲ့ ဖခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။  

ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အကြာမှာပဲ ပြစ်မှုကျူးလွန်သူတွေကို ပြည်ရဲစခန်းက ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ ( ပြည် rescue)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013