DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့နယ် ပြည်သူ့ကျောင်းများအတွက် စေတနာ့ ဝန်ထမ်း ကျောင်းဆရာများ ဖိတ်ခေါ်
DVB
·
March 12, 2023
ဖလမ်းမြို့နယ် ပြည်သူ့ကျောင်းများအတွက် စေတနာ့ ဝန်ထမ်း ကျောင်းဆရာများ ဖိတ်ခေါ်
Donate to DVB

ချင်းပြည်နယ် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်က ပြည်သူ့ကျောင်းတွေမှာ ပညာသင်ကြားဖို့ စေတနာ့ ဝန်ထမ်း ဆရာ/မတွေကို ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖိတ်ခေါ်တယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေက ကျောင်းတွေမှာ Grade 1 မှ Grade 11 ထိ အတန်းတွေအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ချင်း တိုင်းရင်းသားစာပေ သင်ကြားနိုင်တဲ့ Volunteer ဆရာ/မ တွေ ကို ဖိတ်ခေါ်ထားတာပါ။

ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက "ဖလမ်းမြို့နယ် အတွင်း ကျောင်းပေါင်း  (၁၃၀) နီးပါးရှိပြီး ကျောင်းသား၊ သူ အရေအတွက် ၈၅၀၀ ကျော်ရှိကာ ဆရာ၊ ဆရာမ လိုအပ်ချက် (၅၀) ကျော် ရှိတယ်လို့ ဆိုပါတယ်။

Volunteer ဆရာ/မတွေအတွက် လုံခြုံရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းနဲ့ စားရေး သောက်ရေးများကို တာဝန်ယူပါမယ်လို့ ဆိုသလို တချို့ဒေသတွေမှာ ထောက်ပံ့ကြေး ရှိမယ်လို့ သိရပြီး အနည်းဆုံး စာသင်နှစ် တစ်နှစ် သင်ကြားပေးနိုင်ရမှာ ဖြစ်ကာ စိတ်ပါဝင်စားပါက +91 6009767811 (Signal, Viber, Telegram) ဆက်သွယ်ဖို့ ဆိုထားပါတယ်။

ဖလမ်းမြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ကာ ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာမြို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013