DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှု ၃၀၀၀ ကျော်ပြုလုပ်ခဲ့
DVB
·
March 12, 2023
တနင်္သာရီတိုင်းတွင်  စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှု ၃၀၀၀ ကျော်ပြုလုပ်ခဲ့
Donate to DVB

တနင်္သာရီတိုင်းအတွင်း ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဖေဖော်ဝါရီလအထိ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုပေါင်း ၃၇၀၁ ကြိမ် လုပ်ခဲ့တယ်လို့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းမဖက်လူထုလှုပ်ရှားမှု အားအကောင်းဆုံးကာလဟာ ၂၀၂၁ မတ်လကနေ ဇူလိုင်လအထိ ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကြောင့် ၂၀၂၁ ဩဂုတ်လ နောက်ပိုင်းကနေ လူထုလှုပ်ရှားမှုတွေ လျော့နည်းလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထားဝယ်မြို့နယ်မှာ ၇၈၄ ကြိမ်၊ ရေဖြူမြို့နယ်မှာ ၃၄၂ ကြိမ်၊ လောင်းလုံမြို့နယ်မှာ ၁၈၄၂ ကြိမ်၊ သရက်ချောင်းမြို့နယ်မှာ ၄၆၇ ကြိမ်၊ မြိတ်မြို့နယ်မှာ ၁၂၁ ကြိမ်၊ ကျွန်းစုမြို့နယ်မှာ ၇ကြိမ်၊ ပုလောမြို့နယ်မှာ ၂၂ ကြိမ်၊ တနင်္သာရီမြို့နယ်မှာ ၄၁ကြိမ်နဲ့ ကော့သောင်းမြို့နယ်မှာ ၆၂ ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ တာဝန်ရှိသူ တဦးက“ကော်မတီရဲ့ လက်စွဲမှာ တရားသော ခုခံတော်လှန်စစ်ကိုတော့ ထောက်ခံတယ်ဆိုတာပါတယ်။ အရင်ကတည်းကရော အခုကတည်းကရော ရှိလာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို လက်ခံတယ်။ ဒါပေမဲ့ အဓိကယုံကြည်တဲ့ တော်လှန်ရေးယုံကြည်မှုက နိုင်ငံရေးအံတုမှု နည်းနာတွေနဲ့ပဲ၊ ဒီအာဏာရှင်တွေကို အမြစ်ပြတ်ခြေမှုန်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အခါကျတော့ ယနေ့အချိန်ထိ လူထုလှုပ်ရှားမှု သပိတ်ကို အားကောင်းလာအောင် လုပ်ဆောင်နေတာမျိုး ဖြစ်တယ်”လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း တနင်္သာရီတိုင်းအတွင်းမှာ စစ်အာဏာသိမ်း  ၂ နှစ်တာကာလအတွင်း အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်ပေါင်း ၉၉၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်တွေထဲမှာ တိုက်ပွဲဖြစ်စဉ် ၃၅၈ ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်စဉ် ၂၄၃ ကြိမ်နဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သား ထိခိုက်မှုဖြစ်စဉ် ၃၉၇ကြိမ် ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်အများစုကို ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေထဲက မြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကော့သောင်းခရိုင်မှာတော့ ဖြစ်စဉ်အရေအတွက် နည်းပါးတာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ မြင့်တက်လာပေမယ့် အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေလည်း ဆက်လက်ရှိနေတယ်လို့ Southern Monitorက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013