Home
မြန်မာသတင်း
ကလေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၉၀၀ ကျော်ရှိ
DVB
·
March 11, 2023
334963578_194824193241408_3427534153852460225_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၉၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကလေးမြို့နယ် ပညာရေးဦးစီးဌာနကနေ သိရပါတယ်။

ကလေးမြို့မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ စုစုပေါင်း ၁၀၂၄ ဦးအနက် အယောက် ၉၁၀ လာ‌ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၁၁၄ ဦးရှိတာကြောင့် (၈၈.၉) ရာခိုင်နှုန်း ဖြေဆိုမှုရှိကြောင်း ကလေးမြို့နယ်ပညာရေးဦးစီးဌာက ဆိုပါတယ်။

ကလေးမြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စာစစ်ဌာနတွေကို အမှတ် ၁၊ အမှတ် ၃ နဲ့ အင်ဒိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းတို့မှာ စစ်ကောင်စီရဲ့ လုံခြုံ‌ရေးအင်အားအပြည့်နဲ့ကျင်းပ‌နေတာပါ။

Non CDM ဆရာမတဦးက "မနှစ်က အ.ထ.က (၁) နဲ့ အ.ထ.က ၃ ပဲ စာစစ်ဌာန ၂ ခုနဲ့ စာမေးပွဲကျင်းပရတာ။ အခုနှစ်က အင်ဒိုင်းကြီးစာစစ်ဌာနတိုးတယ်။ ကျောင်းသားဖြေတဲ့သူတွေလည်း တိုးလာတယ်။ ဒါကြောင့် နောက်စာသင်နှစ်မှာ ပိုတိုးလာမယ် မျှော်လင့်တယ်" လို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာမသိမ်းမီအချိန်က ကလေးမြို့နယ်မှာ တက္ကသိူလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၂၂ ခုနဲ့ ကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း အခုနှစ် မတ် ၈ ရက်ကနေ ၁၈ ရက်နေ့ထိ လက်ရှိဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင် စာမေးပွဲမှာ ဖြေဆိုဖို့ စာရင်းပေးထားသူ ၁၇၉,၀၀၀ ကျော်ရှိပြီး ဖြေဆိုသူ ၁၆၁,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ&We Love Kalay

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024