DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့်ကျွန်းစုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ ဒေသခံ ၃ဝဝဝ ကျော် ထွက်ပြေးနေရ
DVB
·
March 11, 2023
တနင်္သာရီနှင့်ကျွန်းစုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ ဒေသခံ ၃ဝဝဝ ကျော် ထွက်ပြေးနေရ
Donate to DVB

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာမှာ မတ် ၁၀ ရက်က စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မနေ့ ‌မနက် ၇ နာရီလောက်က ဇဝဲကျေးရွာအုပ်စု၊ ဆန်းသစ်ကျေးရွာကနေ လယ်သစ် အရှေ့ကမ်းကို စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ အများအပြား ထိခိုက်ခဲ့ကာ ၃ဝဝဝ ကျော် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "လယ်သစ်အရှေ့မှာ နေအိမ် ၃ လုံးပျက်စီးပြီးတော့ ကလေး တယောက် ပွဲချင်းပြီးဆုံးတာပါပဲ။ ရွာမှာတော့ ရွာသားတွေ မရှိတော့ဘူး။ အဝေးကနေလှမ်းပစ်တာဆိုတော့ မနေရဲလို့။ ကမ်း ၂ ဘက်က လယ်သစ်ရွာက အိမ်ခြေ ၆၀၀ ကျော်လောက် ရှောင်နေရတယ်” လို့ ဆိုပါတယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံးပြီး ဒေသခံ ၇ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အရင်ကလည်း  အခုလို ပစ်ခတ်တာကြောင့် တရွာလုံးနီးပါး ထွက်ပြေးကြရာမှ ပြန်လည်နေထိုင်တာ မကြားသေးဘူးလို့ သိပါတယ်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအနီးမှာလည်း မတ် ၉ ရက်က စစ်ကောင်စီ(ရေ)တပ်နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

မတ် ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သော်တောင်ငယ်ကျေးရွာနဲ့သံပြာကျေးရွာအနီး ချောင်းရိုးအတွင်း ပျူစောထီးအပါအဝင် စစ်ကောင်စီ (ရေ)တပ်က စစ်သင်္ဘောအငယ် ၂ စီး၊ သားပေါက် ၁ စီးတို့နဲ့ စီးနင်းဝင်ရောက်လာခဲ့ရာ ပြည့်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဘန္ဒနဲကျေးရွာအနီး စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က သ‌တင်းပေးကို ရှင်းလိုက်လို့ ခုလို ရောက်လာတာလည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လမ်းမှာဖြတ်တိုက်တော့ သူတို့ဘက်က ကျဆုံးသူတွေများတယ်၊ တိုက်ပွဲ ဖြစ်ပြီးတော့  အထိအခိုက်မရှိ ပြန်ဆုတ်လာနိင်ပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြောပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီ တပ်ဘက်က ၃ ဦးသေဆုံး ၄ ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် ဒီဗွီဘီ အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ (ရေ)တပ်ကို မကြာခဏ သတင်းပေးနေတဲ့ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာနေ အမျိုးသမီးတဦးကို မတ် ၅ ရက်နေ့မှာ   ကျွန်းစုမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။

ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေနဲ့ ပးပေါင်းပြီး တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013