DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် အခကြေးငွေယူ ပတ်စ်ပို့လုပ်ပေးသည့် ပွဲစားအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
March 11, 2023
နေပြည်တော်တွင် အခကြေးငွေယူ ပတ်စ်ပို့လုပ်ပေးသည့် ပွဲစားအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ပေါင်းလောင်း (၂) ရပ်ကွက်မှာ ပတ်စ်ပို့ပြုလုပ်ခ အခကြေးငွေ ယူပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို ဆောင်ရွက်ပေးနေတဲ့ ပတ်စ်ပို့ အကျိုးဆောင် အမျိုးသမီးတဦးကို မတ် ၉ ရက်ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။

မတ် ၇ ရက်က “နေပြည်တော်အသိုင်း အဝိုင်း” Facebook Group မှာ Win Min Thant အမည်ရ Facebook Account ပိုင်ရှင်က “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုနဲ့ ပတ်စ်ပို့ အမျိုးမျိုးကို အခကြေးငွေ ယူကာ လုပ်ဆောင်ပေးနေကြောင်း ဆက်သွယ်ရန် ဖုန်းနံပါတ်တွေနဲ့ ရေးသား တင်ထားတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သွားရောက် စုံစမ်းခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူမှုကွန်ရက်မှာ ရေးသားတင်ထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ပတ်စ်ပို့ အကျိုးဆောင် အမျိုးသမီးက မြန်မာနိုင်ငံကူးလက်မှတ်အသစ် (သို့မဟုတ်) ပတ်စ်ပို့ စာအုပ် သက်တမ်းတိုး လျှောက်ထားရင် စျေးနှုန်း ငွေကျပ် ၂၄၀၀၀ ပေးချရမယ်လို့ ဖြေကြားခဲ့ပြီး သူနေထိုင်ရာ နေအိမ်မှာ အချိန် ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

စစ်ကောင်စီက တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို System Update လုပ်တာကြောင့် ဇန်နဝါရီ ၂ ရက်မှာ ပိတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ အွန်လိုင်းဘွတ်ကင် စနစ်သစ်ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

အွန်လိုင်း ဘွတ်ကင်စနစ်သစ်မှာ အချိန်ကုန်သက်သာအောင်နဲ့ ကြားပွဲစားတွေကတဆင့် ငွေကြေးပေး လုပ်ဆောင်နေမှုတွေ မရှိအောင် စစ်ကောင်စီက စီစဉ်ထားပေမယ့် နည်းပညာ အခက်အခဲနဲ့ ပြင်ပမှာ ပွဲစားနဲ့ လုပ်ဆောင်မှုတွေ ရှိနေဆဲပါ။

ပြင်ပမှာ ပတ်စ်ပို့လုပ်ခ စျေးနှုန်းတွေဟာ ငွေကျပ် ၃ သိန်းကနေ ၄ သိန်းကျပ်၊ အွန်လိုင်းဘွတ်ကင် ရက်ချိန်းရယူမှုအတွက် ဝန်ဆောင်ခ ၁ သိန်းခွဲကျပ် အစားစား ရှိပါတယ်။ နေပြည်တော် ၈ မြို့နယ် အတွင်းမှာ နေထိုင်သူတွေအတွက် ပတ်စ်ပို့ ပြုလုပ်ခ ငွေကျပ် ၃ သိန်း ရှိတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013