DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တပ်မတော်(MNDAA)နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု AA၊ TNLA နှင့် NUG ကြေညာ
DVB
·
March 11, 2023
ကိုးကန့်တပ်မတော်(MNDAA)နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု AA၊ TNLA နှင့် NUG ကြေညာ
Donate to DVB

အကြမ်းဖက် စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်တွေမှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

မတ်လ ၁၁ ရက် ဒီကနေ့ကျရောက်တဲ့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း ၃၄ နှစ်မြောက်နေ့သို့ ပေးပို့တဲ့  သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်တာပါ။

ကိုးကန့်တပ်မတော် ဖြတ်သန်းခဲ့တဲ့ ၃၄ နှစ်တာ ကာလအတွင်း ကိုးကန့်ဒေသနဲ့ ကိုးကန့် လူထုအတွက် အသက်ပေးလှူသွားခဲ့ကြတဲ့ မိတ်ဆွေ ရဲဘော်ရဲဘက်တွေနဲ့ သူတို့ရဲ့  ဂုဏ်ရောင်ပြောင်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို ဂုဏ်ပြု ဦးညွှတ်ကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြတဲ့ ကိုးကန့် ရဲဘော်ရဲဘက်တွေနဲ့ ပြည်ထောင်စုတဝန်းမှ ရဲဘော်ရဲဘက်တွေရဲ့ မျှော်ရည်ချက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ဒီမိုကရေစီရေးတို့ဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် ယနေ့ထက်တိုင် ပိုင်ဆိုင်နိုင်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ် တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝ  အာမခံနိုင်တဲ့ ခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ဖို့ ကြိုးပမ်နေတယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အလားတူ ကိုးကန့်တပ်မတော်ရဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကလည်း စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့အလျှောက် ကိုးကန့်ဒေသကို  (MNDAA) လက်ထဲသို့ အလုံးစုံ ပြန်လည်ရရှိရေးအပြင် ဘုံရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့  ညီနောင်မဟာမိတ် စိတ်ဓာတ်အပြည့်နဲ့ ဆက်လက် ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

PHOTO-The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013