DVB Logo
Home
မြန်မာသတင်း
အင်းလေးတွင် အန်အယ်လ်ဒီပါတီထောက်ခံဝန်းရံသည့်ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
March 11, 2023
အင်းလေးတွင် အန်အယ်လ်ဒီပါတီထောက်ခံဝန်းရံသည့်ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ ချောင်းပါးရွာမှာနေထိုင်တဲ့ အမျိုးသမီး တယောက်နဲ့ နန်းပန်ဈေးကုန်ရပ်က အမျိုးသားတယောက်တို့ကို စစ်ကောင်စီက မတ် ၇ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၇ ရက်ညက ချောင်းပါးရွာမှာနေထိုင်တဲ့ ဦးမျိုးအောင်ရဲ့နေအိမ်ကို စစ်ကောင်စီက ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး အိမ်မှာရှိတဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးရာမှာ သမီးဖြစ်သူ မဝါဝါအောင်ဖုန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်ယ်လ်ဒီ) ပုံတွေ တွေ့ရှိတယ်လို့ကာ ဖမ်းဆီးခဲ့သလို နန်းပန်ဈေးကုန်းရပ်က အန်အယ်လ်ဒီ တောင်ပိုင်းတာဝန်ခံ ဦးတင်မောင်ငွေကိုလည်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတဦးက “မတ်လ ၇ ရက်နေ့ည အစောပိုင်းက ချောင်းပါးရွာက ဦးကျော်စိုင်းအိမ်ကို ဧည့်စာရင်းကို အကြောင်းပြီ ဖုန်းတွေဝင်စစ်တယ်။ ပြီးတော့ ဦးမျိုးအောင်အိမ်ကို ဝင်စစ်တယ် သူ့သမီးရဲ့ဖုန်းထဲမှာ အန်အယ်လ်ဒီလက်ထက်က ရိုက်ထားခဲ့ဖူးတဲ့ပုံတွေ တွေ့လို့ ဆိုပြီး ဖမ်းသွား တယ်။ ပြီးတော့ နန့်ပန်ဈေးကုန်းက ကိုတင်မောင်ငွေကို ဖမ်းသွားတယ် ”လို့ ပြောပါတယ်။  

အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနဲ့ ဘုရားနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်(IPDF)အပါအဝင် မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူစစ်(PNA)ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်းစစ်ကောင်စီက အင်းလေးဒေသအတွင်းက CDM ဝန်ထမ်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ PDFဆက်သွယ်တယ်လို့ သံသယရှိတဲ့သူတွေအပြင် အရပ်ဖက်လူမှုအသင်းအဖွဲ့တွေကို ပစ်မှတ်ထားစောင့်ကြည့်ကာဖမ်း ဆီးနေတယ်လို့လည်း ဆိုပါတယ်။

“အင်းလေးဒေသမှာ တိုက်ပွဲဖြစ်ပြီးကတည်းက စစ်တပ်နဲ့ ပျူပေါင်းပြီး မသင်္ကာရင် မင်္သာကာသလို ဘုန်းကြီးပါမကျန်ဘူး။ ဖမ်းဆီးတာတွေလုပ်နေတယ်။ သူတို့ ပစ်မှတ်ထား ဖမ်းဆီးနေတာကတော့ သူတို့ကို ဆန့်ကျင်မယ်ထင်တဲ့သူအကုန်လုံးကိုပဲ ဖမ်းဆီး နေတာပဲ။ အရင်က ဖမ်းခံရတဲ့သူတွေလည်းရှိတယ် တချို့တော့ ပြန်လွတ်လာတယ်။ ပြန်မလွတ်လာတာတွေလည်း ရှိတယ် ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အင်းလေးဒေသအတွင်းက အင်းတိန်ညောင်အုပ်ကျောင်းထိုင်ဆရာတော်နဲ့  PDF ၄ ဦး အရှင်ဖမ်းမိပြီး၊  PDF ၄ ဦး ကျဆုံးခဲ့တဲ့အပြင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို PDFနဲ့ပတ်သက်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိဖမ်းဆီးထားသူ ၂ ဦးကို နန့်ပန်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013