DVB Logo
Home
မြန်မာသတင်း
NUG အစိုးရက နွေဦးရုပ်ရှင်ကျောင်းဖွင့်လှစ်၊ ရုပ်ရှင်ဘာသာရပ် ၁၂ ခု အခမဲ့ သင်ကြားနိုင်
DVB
·
March 11, 2023
NUG အစိုးရက နွေဦးရုပ်ရှင်ကျောင်းဖွင့်လှစ်၊ ရုပ်ရှင်ဘာသာရပ် ၁၂ ခု အခမဲ့ သင်ကြားနိုင်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဘုတ်အဖွဲ့နဲ့ Myanmar Citizen Journalist Network တို့ ပူးပေါင်းပြီးတော့ နွေဦးရုပ်ရှင်ကျောင်း (Spring Film Academy) ကို ဖွင့်လှစ်သွားမှာဖြစ်ကာ ရုပ်ရှင်အနုပညာဘာသာရပ် ၁၂ ခုကို အခမဲ့ သင်ကြားနိုင်မယ်လို့ ပြောပါတယ်။

ဒီကျောင်းကိုတော့ ကြားကာလ ပညာရေးအထောက်အကူ ဖြစ်စေဖို့နဲ့ တော်လှန်ရေးအတွက် အနုပညာနဲ့ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာဖြစ်ပြီး သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ စမတ်ဖုန်းနဲ့ ရုပ်ရှင်ရိုက်ကူးရေးစတဲ့ ဘာသာရပ်တွေအပါအဝင် ဘာသာရပ်တွေအားလုံးကို အခမဲ့ သင်ကြားပေးသွားမှာဖြစ်ကာ ဘာသာရပ်တခု သင်ကြားအောင်မြင်ပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ 

တကယ်လို့ ဘာသာရပ် ၁၂ ခုလုံး သင်ကြားအောင်မြင်ပြီးတဲ့ ကျောင်းသူကျောင်းသားတွေကိုတော့ NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက အသိမှတ်ပြုတဲ့ Diploma Course in Filmmaking သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ချီးမြှင့်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ အနုပညာရှင်တွေများစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ တချို့ကတော့ အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးမှာ ရှေ့ဆက်ပါဝင်နေကာ တော်လှန်ရေးအတွက် တတ်စွမ်းတဲ့ အနုပညာပုံဖော်ဖန်တီးမှုတွေနဲ့အတူ ရှေ့ဆက်ချီတက်နေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နွေဦးရုပ်ရှင်ကျောင်း တက်ရောက်လိုသူတွေအနေနဲ့ ဘာသာရပ်တခုကို သင်ကြားချိန် ၁၂ ပတ် (၃ လ/ ၁၂ နာရီ) ကြာမြင့်မှာဖြစ်ပြီး ဘာသာရပ်တွေကို မိမိစိတ်တိုင်းကျ လေ့လာသင်ယူနိုင် မယ်လို့ ဆိုပါတယ်။

သင်တန်းပို့ချရာမှာတော့ ZOOM ကနေ တိုက်ရိုက်သင်ကြားပို့ချပေးမှာဖြစ်ပြီးတော့ စိတ်ဝင်တစား တက်ရောက်လိုသူတွေအနေနဲ့ ဖော်ပြပါ google link ကတဆင့် စာရင်းပေးသွင်းနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013