DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ်၌ ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ၊ အုတ်ဖိုတွင် ပျူစောထီးအိမ်၌ တပ်စွဲထားသည့် စစ်တပ်တိုက်ခိုက်ခံရ
DVB
·
March 10, 2023
ကဝမြို့နယ်၌ ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ၊ အုတ်ဖိုတွင် ပျူစောထီးအိမ်၌ တပ်စွဲထားသည့် စစ်တပ်တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကဝမြို့နယ် သရက်ကုန်းကျေးရွာမှာ ပျူစောထီးခေါင်းဆောင် တယောက်ကို သရက်ကုန်းဈေးထဲ ဆက်ကြေးကောက်ယူနေစဉ် မတ်လ ၁၀ ရက် ဒီနေ့မနက် ၇ နာရီခွဲမှာ ကဝမြို့နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် တင်မြင့် နေရာမှာပင် သေဆုံးသွားခဲ့ပြီး အခုအခါ သရက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း ပဲခူး PDF တွေက ပြောပါတယ်။

သရက်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် အမြဲတမ်းတပ်စွဲထားပြီး အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေတယ်လို့ ပဲခူး PDF က ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် တင်မြင့်ဟာ သရက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တခြားကျေးရွာတွေကို ဆိုင်ကယ်နဲ့ လှည့်လည်ရာမှာ သူကိုယ်တိုင် သေနတ်လွယ် ဆိုင်ကယ်မောင်းပြီး နေ့ရောညပါ သတင်းပေး လမ်းပြပြုလုပ်တာ၊ သရက်ကုန်းကျေးရွာဈေးနဲ့ လောင်းကစားဒိုင်တွေမှာ ဆက်ကြေးကောက်တာနဲ့ ပြည်သူကို ခြိမ်းခြောက်ဖိနှိပ်ငွေညှစ်၊ မတရားစွပ်စွဲဖမ်းဆီး ထောင်ချခိုင်းတာတွေကြောင့် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့တာလို့ ကဝမြို့နယ်ပကဖက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာလည်း ထန်းပင်ကုန်းကျေးရွာရှိ ရာအိမ်မှူး ပျူစောထီး မျိုးဝင်းနေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၉ ရက် မနက် ၂ နာရီ ၁၅ မိနစ်က သာယာဝတီခရိုင် PDF တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ နဲ့ တပ်ခွဲ-၅ တို့ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ဆက်လက်အတည်ပြု စုံစမ်းနေသလို ရာအိမ်မှူး ပျူစောထီးမျိုးဝင်းဟာ မိသားစုဝင်တွေနဲ့ ခမရ-၆ ထဲ ပြောင်းရွှေ့နေထိုင်နေတယ်လို့ ဆိုပါတယ်။

ရာအိမ်မှူး ပျူစောထီးမျိုးဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ကင်းစခန်းအဖြစ် အသုံးပြုခွင့်ပေးထားပြီး သူဟာ စစ်ကောင်စီတပ်ရဲ့ အမာခံ လက်ရုန်းပျူစောထီးတဦး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပဲခူး PDF က ဆိုပါတယ်။

ပဲခူး သာယာဝတီခရိုင်ဘက်က စစ်ကောင်စီတပ်တွေကို ပဲခူး PDF တွေက မကြာခဏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များပြားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013