DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ဈေး၊ ရတနာဆိုင် ၂ ဆိုင်မှ ကျပ်သိန်း ၁,၉၀၀ ကျော်ဖိုး ဖောက်ထွင်းသွားသည့် တရားခံ မမိသေး
DVB
·
March 10, 2023
ဗိုလ်ချုပ်ဈေး၊ ရတနာဆိုင် ၂ ဆိုင်မှ ကျပ်သိန်း ၁,၉၀၀ ကျော်ဖိုး ဖောက်ထွင်းသွားသည့် တရားခံ မမိသေး
1 / 3
Donate to DVB

ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက် D ရုံရှိ Rose ရတနာဆိုင်နဲ့ KMS ရတနာဆိုင်တို့မှာ မတ်လ ၃ ရက် ညပိုင်းက  ၁,၉၀၀ ကျော်ဖိုး ဖောက်ထွင်းခံရပြီး လက်ရှိအချိန်အထိ ဖောက်ထွင်းသူတွေကို မမိသေးပါဘူး။

မတ်လ ၃ ရက် ညပိုင်းက ရတနာဆိုင် ၂ ဆိုင်လုံး ဖောက်ထွင်းခံခဲ့ရတာဖြစ်ပေမဲ့ နယ်မြေရဲတွေ လာစစ်တဲ့အခါမှာ Rose ရတနာဆိုင်က ကျောက်စိမ်းထည်တွေ ပျောက်ဆုံးသွားတယ်လို့သာ ဗိုလ်ချုပ်ဈေးစည်ပင်က အသိပေးခဲ့တာပါ။

D ရုံ ဆိုင်ခန်းအမှတ် ၂၃၊ ၂၄၊ ၃၄၊ ၃၅ က Rose ဆိုင်ဟာ ၄ ခန်းတွဲဖြစ်ပြီး ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ပန်းပုရုပ်တုတွေနဲ့ နီလာ‌ကျောက်ပါ လက်စွပ်တွေ ပါသွားခဲ့လို့ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၃ ရက် တညတည်း ဖောက်ထွင်းခံရတဲ့ KMS ရတနာဆိုင်ကတော့ မတ်လ ၇ ရက်ရောက်မှ စခန်းမှာ အမှုဖွင့်နိုင်တာဖြစ်ပြီး တန်ဖိုးမြင့် မိုးကုတ်ပတ္တမြားပွင့်တွေ၊ ပုလဲတွေနဲ့ ကျောက်စိမ်းပွင့်တွေ ပျောက်ဆုံးနေတာကြောင့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁,၄၀၀ ကျော်ရှိတယ်လို့ KMS ဆိုင်နဲ့ နီးစပ်သူက ပြောပါတယ်။

ရတနာဆိုင် ၂ ဆိုင်စလုံးဟာ ဆိုင်ရှင်တွေ ခရီးထွက်တဲ့နေ့မှာ ‌တပြိုင်နက် ဖောက်ထွင်းခံရတာ ဖြစ်ကာ ဖောက်ထွင်းသူတွေက တန်ဖိုးနည်းကျောက်ထည်တွေ ချန်ထားခဲ့တယ်လို့ သိရပြီး အဲ့ဒီဆိုင်ခန်းတွေက ဈေးအတွင်းပိုင်းမဟုတ်ဘဲ ကားပတ်လမ်းမှာ ရှိနေတာအပြင် ဈေးလုံခြုံရေး၊ စည်ပင် CCTV၊ သံပန်းတံခါးတွေက အဆင့်မြင့်သော့တွေ ခတ်ထားကြတာပါ။

ဖောက်ထွင်းခံရတဲ့ ဆိုင်ပိုင်ရှင်တဦးက “ဆိုင်က ထောင့်ဆိုင်ပေါ့။ ဒီဆိုင်ပြီးရင် ဈေးရုံကိုခတ်တဲ့ သံပန်းတံခါးကြီးရှိတယ်။ ဘယ်လိုစဉ်းစားလဲဆိုတော့ ဒီဆိုင်က ပိုပြီးတော့ လုံခြုံတယ်။ တကယ်လို့ ဒီသော့တွေကို သူခိုးက ဖျက်နိုင်တယ်ပဲ ထားဦး၊ လိပ်တင်တဲ့တံခါးကို ပင့်တင်ရင် အသံက တအားကျယ်တယ်လေ။ နေ့လယ်နေ့ခင်းတောင် တံခါးရဲ့အသံက တော်တော်ကျယ်တယ်၊ သော့လည်းကောင်းတယ်၊ ဈေးရုံရှေ့မှာ လုံခြုံရေးတွေ ပတ်တဲ့လမ်းကြီး ရှိတဲ့အခါကျတော့ ဆိုင်ကလည်း ဘယ်လိုမှ ဖောက်လို့မရဘူးပေါ့။ စိတ်ချလက်ချ ထားတာပေါ့” လို့ ပြောပါတယ်။

ရတနာဆိုင် ၂ ဆိုင်စလုံး ဖောက်ထွင်းခံရပေမဲ့ စည်ပင်က ရဲကို တဆိုင်သာ အသိပေးခဲ့တာကြောင့် အမှုသွားဖွင့်တဲ့အထိ နယ်မြေရဲတွေ မသိသေးဘူးလို့ ပြောပါတယ်။

“သော့တွေကို အက်ဆစ်နဲ့လောင်းလိုက်တာ၊ စတီးသော့တွေဆိုတော့ ဘာမှတော့မဖြစ်ဘူး။ သံပန်းတံခါးရဲ့ သော့ကွင်းတွေ အကုန်လုံး အရည်ပျော်သွားတာ။ အောက်မှာဆို အက်ဆစ်အရည်တွေ ရွှဲနေရောပဲ။ ၇ ရက်နေ့ ဈေးကိုပြန်ရောက်တော့ သူတို့မသိဘူး၊ စခန်းက လူတွေတောင် မသိဘူး၊ အဖောက်ခံခဲ့ရတာကို။ ၃ ရက်နေ့ ညကတည်းက နှင်းဆီဆိုင်နဲ့ အဖောက်ခံရတာ။ အမှန်က စည်ပင်က ရဲကို ပြောကိုပြောရမယ်။ ဈေးမှာ အဖောက်ခံရပါပြီ၊ နှင်းဆီဆိုင်နဲ့ ဘယ်ဆိုင်နဲ့ဆိုတာ ရဲကိုပြောရမယ်။”

ဗိုလ်ချုပ်ဈေးစည်ပင်က ဆိုင်တွေကို လစဉ်အခွန် ကျပ် ၂၀,၀၀၀ ခန့် ကောက်ယူပေမဲ့ ဈေးပိတ်ချိန်မှာ လျှပ်စစ်မီးဖြတ်တောက်တာကြောင့် ဆိုင်တွေရဲ့ CCTV တွေအတွက် မီးအားမပေးနိုင်တဲ့အပြင် စည်ပင် CCTV၊ လုံခြုံရေးတွေ ရှိပေမဲ့လည်း ဖောက်ထွင်းခံခဲ့ရတာလို့ သိရပါတယ်။

ရတနာဆိုင် ၂ ဆိုင်က ကျောက်ထည်လက်ဝတ်ရတနာတွေ ပျောက်ဆုံးမှုအတွက် ပန်းဘဲတန်း မြို့မရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး ဖောက်ထွင်းခံရတဲ့ ရတနာဆိုင်တွေကတော့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013