DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၅,၈၀၀ နီးပါးရှိ
DVB
·
March 9, 2023
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၅,၈၀၀ နီးပါးရှိ
Donate to DVB

မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ လျှောက်ထားသူ ၆,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ၅,၈၀၀ နီးပါး လာရောက်ဖြေဆိုကာ ပျက်ကွက်သူ ၄၅၂ ဦး ရှိတယ်လို့ မွန်ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်တခုလုံးမှာ စာစစ်ဌာန ၂၃ ခုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုတဲ့ စာသင်ကျောင်းတွေကိုလည်း စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်ထားသလို အသွားအလာတွေ လမ်းတချို့တွေကိုပါ ကန့်သတ်ထားတာပါ။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မွန်ပြည်နယ်မှာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ ၅,၇၆၈ ဦး ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၇၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံရတဲ့ ရေးမြို့နယ်မှာလည်း အရင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးတွေထက် လုံခြုံရေးပိုတင်းကျပ်ထားပြီး ဝင်ရောက်ဖြေဆိုသူ နည်းပါးတဲ့အတွက် အရင်က စာစစ်ဌာန ၄ ခုရှိရာမှာ အခုတော့ စာစစ်ဌာန တခုတည်းပေါင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတ်လ ၈ ရက် ဒီကနေ့ စတင်ကျင်းပနေတာဖြစ်ပြီး ကျောင်းသားအများစုကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ဝင်ရောက်ဖြေဆိုတာမရှိပါဘူး။  

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲဟာ တရားမဝင်သလို အသိအမှတ်မပြုဘူးလို့လည်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013