DVB Logo
Home
မြန်မာသတင်း
မောင်တောရှိ သာလာယံဇရပ်များတွင် စစ်ကောင်စီတပ်များ နေရာယူထား
DVB
·
March 8, 2023
မောင်တောရှိ သာလာယံဇရပ်များတွင် စစ်ကောင်စီတပ်များ နေရာယူထား
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အများပြည်သူတွေ အနားယူအပန်းဖြေတဲ့ သာလာယံဇရပ်တွေအထိ စစ်ကောင်စီတပ်တွေ နေရာယူလာနေကြောင်း မောင်တောဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “ဒီကောင်တွေက အများပြည်သူတွေ အနားယူအပန်းဖြေတဲ့ သာလာယံဇရပ်တွေအထိ လာပြီး နေရာချထားကြတာ။ နေချင်ရင် သူတို့ဖွင့်ထားတဲ့ စစ်ဆေးရေဂိတ်တွေမှာ နေပေါ့ဗျာ။ အခုတော့ အများပြည်သူတွေ အနားယူနေကြတဲ့ သာလာယံဇရပ်မှာမှ နေရာချထားတာက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ၃ မိုင် သာစည်ကျေးရွာရှိ အများပြည်သူသုံး သာလာယံဇရပ်မှာ ထိုင်နေကြတဲ့ သက်ကြီးပိုင်း အမျိုးသား ၆ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ က ဖမ်းဆီးစစ်ဆေးပြီး ၇ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အဲဒီ သာလာယံဇရပ်မှာ စခန်းချထားတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ ၆ ယောက်ကို ဖမ်းသွားတုန်းက စစ်တပ်ကမေးတယ်၊ တလမှာ အေအေကို ငွေဘယ်လောက် ထောက်ပံ့သလဲလို့ မေးတော့ တယောက်က တလကို ငွေ ၅,၀၀၀ ကျပ်စီ ပေးရတယ်လို့ ပြောလိုက်တာ။ ကျနော်တို့ ဒီ ၃ မိုင်သာစည်ကျေးရွာကို စစ်တပ်က ပစ်မှတ်ထားပြီး ပိတ်ဆို့ထားတာ။”

လက်ရှိမှာ အဲဒီ သာစည်ကျေးရွာရှိ သာလာယံဇရပ် အပါအဝင် စစ်ကောင်စီက ကျေးရွာရဲ့ အရှေ့အနောက်တောင်မြောက်မှာ ကင်စခန်းတွေချပြီး ကျေးရွာကို စောင့်ကြည့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က နှစ်ဖက်သဘောတူ အပစ်ရပ်ထားချိန်မှာ မောင်တောအပါအဝင် ရခိုင်ဒေသတခုလုံးကို စစ်ကောင်စီတပ်က စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတဲ့အပြင် ရခိုင်လူမျိုးတွေကို သွေးခွဲနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

မောင်တော ၃ မိုင် သာစည်ရွာမှာ အသစ်ဖွင့်လှစ်ထားတဲ့ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်မှာ မတ်လ ၅ ရက်က ဘင်္ဂလားဒေ့ရှ်တာကာငွေ ၁ သိန်းနဲ့ တောင်ကုတ်ဒေသခံတဦးကို ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013